H 13

255 53 10
                                    

" လိုက်လို့မရဘူး Presentation ကကြာမှာ
ငါတို့အဖွဲ့ကနောက်ဆုံးပဲ ပြီးတော့ ဒီတစ်ခေါက်ကပျက်လို့မရဘူး အရေးကြီးတယ်"

ညနေဘောလုံးသွားကန်ဖို့ခေါ်နေတဲ့ Minho ကို Kris ရောက်ကတည်းကငြင်းရတာ ကျောင်းတက်ခါနီးအထိငြင်းလို့မရသေး။

" အေးကွ သူတို့အဖွဲ့ကနောက်ဆုံး Woo Bin ဆိုပထမဆုံးအဖွဲ့ ဒါပေမဲ့သူလည်းအတန်းပြီးတဲ့အထိနေရမှာဆိုတော့ မဖြစ်ဘူးထင်တယ် "

" ငါတို့အကုန် ညနေစောင်းမှပြန်ရလောက်တယ်
Sam က ရစ်သလားမမေးနဲ့ မင်းသိပါတယ်
ဒီတစ်ခေါက်က လာမယ့် Semester အတွက် အမှတ်ယူမယ့်အပြင် intern အတွက်လည်း သူက recommendation ရေးပေးဦးမှာတဲ့ "

Jongin နဲ့ Jin Goo ကပါဝိုင်းငြင်းမှလျှော့သွားတဲ့သကောင့်သားကအခုထိမကြည်ချင်သေး။

" ရတယ် ဒါဆို Chanyeollie တို့နဲ့သွားလိုက်မယ် "

" သူတို့လည်း Project ရှိတယ်ဆို "

Kris တမင်တကာစုံစမ်းထားမိတဲ့အချက်အလက်ကိုပြောပြတော့ ရှုံ့တွသွားတဲ့ Minho မျက်နှာ။

" ဒါဆိုလည်း ငါတို့ကိုပါတစ်ရက်တည်းလုပ်လိုက်ပါတော့လား ငါတို့ကျတော့နောက်အပတ်တဲ့ "

မကျေမနပ်ဆဲသံတွေပလုံစီလာတာမလို့ Kris ဘေးကနှစ်ကောင်ကိုလက်ကုပ်လိုက်ရင်းအတန်းထဲပြေးဖို့အချက်ပြလိုက်တယ်။ ဒီနားဆက်ထိုင်နေရင် Minho ရဲ့ မပြီးနိုင်တဲ့ ဆူညံမှုကသူတို့ကိုအလွတ်ပေးမှာမဟုတ်တော့တာအသေအချာ။

.
.
.
.
.

" ဟိုဘဲလေးနဲ့ရောအခြေအနေ ဘယ်လိုလဲ "

စာသင်နေတုန်းဘေးကထွက်လာတဲ့အသံကြောင့် Kris လှည့်ကြည့်လိုက်မိတော့ ဘယ်တုန်းကတည်းက အနောက်ပေါက်ကခိုးဝင်လာလဲမသိလိုက်ရတဲ့ Kim Woo Bin က သူဘာမှအမှားလုပ်မထားသလိုအခန့်သား။

" ဒီလိုပါပဲကွာ စိတ်ရှည်ရမှာပေါ့ "

" ဟ.. ဟေ့ကောင်
မင်းကိုငြင်းလိုက်ပြီဆို "

" အေး မင်းမသိပါဘူး "

" Kris ဒါကြီးကတော့ မမိုက်ပါဘူး
ငြင်းမှတော့ တော်ပြီပေါ့ "

နွားကျပါတယ်လို့ခပ်တိုးတိုးထွက်လာတဲ့အသံကြောင့် မှီရာကိုလှမ်းတက်နင်းတော့ အရှောင်မြန်တဲ့ သကောင့်သားကပြောင်စပ်စပ်။

HANDSWhere stories live. Discover now