H 11

213 51 8
                                    

Kris ရေမိုးချိုး ညစာစားပြီးတဲ့အထိမအိပ်နိုင်ပဲ ဂိမ်းလည်းမဆော့နိုင်ပဲ အိပ်ရာပေါ်မှာသာအူကြောင်ကြောင်ထိုင်နေမိတယ်။

သူ...

" ဘာတွေလုပ်မိပြန်တာပါလိမ့် "

ဖုန်းကိုဖွင့်လိုက်တော့ အခုထိမထွက်ရသေးတဲ့ chat ထဲကအဆုံးသတ်မှာ သူ့ message လေးကို seen ပြထားတဲ့ Chanyeol က ဘာ reply မှပြန်မလာ။

သူ တုန်တုန်ယင်ယင်နဲ့ပဲစာတစ်ကြောင်းကိုဖျက်လိုက်ရေးလိုက် ပြန်ဖျက်လိုက်ပြန်ပြင်လိုက်လုပ်နေတာနဲ့ နောက်ဆုံးမှာတော့ အရာအားလုံးပြည့်စုံသွားသလို message လေးတစ်ခု။

Kris : ဂိမ်းဆော့ချင်လား

ချက်ချင်း seen ပြပေမယ့် လိုတာထက်ပိုကြာနေတဲ့ typing လေးတွေက ထောင့်နားလေးမှာ လှုပ်တုပ်တုပ်မလို့ ဘာမဟုတ်တာလေးကိုတောင် Kris အသည်းယားသွားရတယ်။

PCY : ကျွန်တော်

တစ်လုံးတည်း.. အဲ့ဒီ ကျွန်တော် ဆိုတဲ့တစ်လုံးအတွက်နဲ့ မိနစ်ဝက်လောက် typing ကိုကြည့်နေခဲ့ရတာကိုတွေးမိပြီး Kris ရယ်လိုက်မိတယ်။ အခုလည်းဘာတွေရိုက်နေမှန်းမသိဆက်ရိုက်နေတဲ့ ကောင်လေး။

Kris : အင်း ကိုယ်နားထောင်နေတယ်

သူပို့ပြီးတာနဲ့ချက်ချင်း ခပ်ရှည်ရှည် message တစ်ခုက chat ထဲတိုးဝင်လာတယ်။

PCY : ကျွန်တော် ဆော့ချင်ပါတယ် ဒါပေမဲ့ ဒီနေ့မဆော့လို့ရမလား ဒီတိုင်း ဒီနေ့ဆော့ဖို့အဆင်မပြေလောက်ဘူးထင်လို့ပါ ကျွန်တော်ကလေ ဒီတိုင်း.. အာ မသိတော့ဘူး

PCY : တောင်းပန်ပါတယ် စီနီယာ ㅠㅠ

စာတစ်လုံးချင်းစီကိုဖတ်ရင်းနဲ့တွန့်ကွေးမြောက်တက်လာတဲ့နှုတ်ခမ်းတွေနဲ့အတူ အဆုံးမှာတော့ Kris ရယ်တာမရပ်နိုင်ခဲ့။

ဘယ်လိုလေးလဲကွာ။

Kris : ရပါတယ်
မနှောင့်ယှက်တော့ဘူး Goodnight

PCY : ဟုတ် Gn

စာပို့အပြီးမှာ ထပ်ပေါ်လာတဲ့ typing လေးကပျောက်သွားလိုက်ပြန်ပေါ်လိုက် သုံးခါလောက်ဖြစ်အပြီးမှာတော့ ငြိမ်သွားတဲ့ chat ထဲကနေ Kris လည်းထွက်လာလိုက်တယ်။

HANDSWhere stories live. Discover now