H 3

294 60 31
                                    

" Kris Wu .. Kris Wu ရုပ်လေးချောလို့သာပဲ
မဟုတ်ရင် မင်းကိုဘယ်သူမှကြိုက်မှာမဟုတ်ဘူး
ကြည့်စမ်းပါဦး သမဂ္ဂအတွင်းရေးမှူး ကိုလူချော တဲ့ အတွင်းခံတောင် မနေ့ကအတွင်းခံနဲ့ "

" ဟာ ဟေ့ကောင် Kim Woo Bin "

မနေ့ကအင်္ကျီကခါးတိုနေတာကြောင့် အတွင်းခံကိုမြင်ထားပုံရတဲ့ကောင်က ကိုယ့်အကြောင်းနောကျေနေတဲ့အတိုင်း ဒီမနက်တွေ့တာနဲ့ ဝတ်လာတဲ့ တီရှပ်ကိုဆွဲလှန်ပြီး အတင်းကုန်းကြည့်နေတာလမ်းမမှာရုပ်ပျက်ဆင်းပျက်။

လမ်းမှာတင်အရှက်ခွဲလို့မပြီးသေးပဲ အခုလည်း ဆယ်ငါးပေပတ်လည်လောက်ရှိတဲ့ mart လေးထဲ သူ့အသံကိုတမင်မြှင့်ပြောနေတာမလို့ Kris သူ့ပါးစပ်ကိုလှမ်းပိတ်ရသေးတယ်။ အရပ်ချင်းမတိမ်းမယိမ်းဆိုတော့ သကောင့်သားကရှောင်နိုင်တာလှစ်ခနဲ။

ကျန်တဲ့နှစ်ကောင်ကတော့ တခွိခွိရယ်ရင်း Minho ဆီဖုန်းလှမ်းဆက်နေတယ်။

" ငါတို့ကျောင်းရှေ့ရောက်နေ.. ဟေ
အေးအေး "

" ဘာတဲ့လဲ "

" ကျားသားမိုးကြိုး ဒင်းကရောက်နေပြီတဲ့ ကျောင်းထဲမှာ "

မနက်ဆယ့်တစ်နာရီပေမဲ့ အိပ်ရာထခါစမို့မူးနောက်နေတဲ့ခေါင်းကို Drink တစ်ခုခုသောက်ရင်းဖြေဖျောက်ဖို့ ကျောင်းထဲမဝင်သေးပဲ ရှေ့က mini mart ထဲအရင်ဝင်လာတာ။ အခုတော့ Minho လဲရောက်နေပြီဆိုတော့ ငွေရှင်းဖို့ကောင်တာကိုအသွား။ အနီရောင်တောက်နေတဲ့ဆံပင်တွေက အစည်းအဝေးခန်းထဲက ဌာနမှူးကိုများ အမြင်ကတ်ပုဒ်မနဲ့ တမင်ထော်လော်ကန့်လန့်တိုက်ချင်နေတဲ့ အရိပ်အယောင်တွေအပြည့်နဲ့။ ဘယ်သူများလည်းကြည့်လိုက်တော့။

" Chanyeollie "

Jongin အသံကြောင့် ဆတ်ခနဲတုန်တက်သွားတဲ့ကျောပြင်က ကိုယ်တွေဆီလှည့်ကိုမကြည့်ပဲနဲ့ နောက်ကနေမြင်ရတဲ့ ကားထွက်နေတဲ့နားလေးတွေဟာ အနီရဲရဲဆံပင်တွေနဲ့အပြိုင်ရဲစွေးတက်လာတယ်။

" ဗျ..ဗျာ "

" အခုမှရောက်တာလား "

" ဟုတ် ဟုတ်ကဲ့ Hyung "

တစ်ကျောင်းလုံးပြဲနေအောင်ကြားရတဲ့အသံနဲ့သူမဟုတ်တဲ့အတိုင်း စကားတွေကထစ်နေလိုက်သေးတယ်။
ကိုယ်တွေလေးယောက်သား ကောင်တာဆီရောက်တော့ အနားကပ်သလိုဖြစ်ပြီး အခြေအနေကိုခပ်မြန်မြန်စူးစမ်းလိုက်တော့။ ဟော ပြဿနာကဒါကိုး။

HANDSWhere stories live. Discover now