H 15

283 55 34
                                    

ဟူးခနဲသက်ပြင်းချသံတစ်ခုနဲ့အတူ အကျိုးအကြောင်းတွေသင့်ခဲ့ပုံအရတော့ Kris ဟာအခုဆို သူဝယ်လာတဲ့ ဝက်လက် စတူး ကိုတို့ထိတို့ထိစားနေတဲ့ ကောင်လေးကိုမျက်စိရှေ့ချပြီး Aircon လေအေးအေးနဲ့အခန်းထဲ ကျေကျေနပ်နပ်ပြုံးနေမိပါတယ်။

တစ်ခါတလေ Chanyeol ရဲ့ အားနာတတ်လွန်းတဲ့အကျင့်ဟာလည်း သူ့အတွက်အတော်လေးအကျိုးအမြတ်ရှိတဲ့ ကိစ္စတစ်ခုဆိုတာကို ဒီတစ်ခါမှာတော့ လက်တွေ့ပြလိုက်သလိုပါပဲ။

​ပိုက်ထားမိတဲ့ခေါင်းအုံးကို ကုတင်ပေါ်ပြန်တင်လိုက်တော့ လက်မောင်းနေရာက မသိမသာခပ်တင်းတင်းခံစားမှုလေးကိုငဲ့ကြည့်လိုက်တဲ့အခါ ပလာစတာလေးတစ်ခုကခန့်ခန့်ထည့်ထည့်ပဲမလို့ သူ့အပြုံးတွေကနှစ်ဆ။

သူ့အခန်းထဲသူနေတာတောင် ကိုယ်ရှိနေလို့လားမသိ ခပ်ရို့ရို့လေးထိုင်နေတဲ့ စာကြည့်စားပွဲရှေ့ကကောင်လေးကို Kris ဝါးစားချင်မိတဲ့အထိ။ အဲ့ဒီချထားတဲ့မျက်လွှာလေးတွေကတစ်ဆင့် ဖောင်းဖောင်းလေးဖြစ်နေတဲ့မျက်ခွံမို့မို့တွေပေါ်ကိုနစ်ဝင်နမ်းရှိုက်ချင်မိတာမျိုး။

" ဟိုနေ့က Presentation မလုပ်ခဲ့ရဘူးဆို "

လှုပ်စိလှုပ်စိထွက်လာတဲ့ ခပ်သြသြအသံလေးက အမြဲလိုလိုတဖြောင့်တည်း။

" မင်းလား "

" မဟုတ်ဘူး စီနီယာ့ကိုပြောတာ "

" ကိုယ်မလုပ်ချင်တော့လို့ "

" ဘာလို့လဲ "

ကြည့်... သူ့ဆီလာဖို့ ဖျက်ခဲ့ရတယ်ဆိုတာ သူမသိပဲနေမှာမဟုတ်။ အဖြေကိုသိနေတာတောင် ဒီလို.. တကယ့်ကို ဂျစ်တဲ့ကောင်လေး။

" ဒီတိုင်းပဲ "

" ကျွန်တော့်ကြောင့်လား "

​လှမ်းကြည့်လာတဲ့မျက်ဝန်းတွေက သူ့အဖြေကို မရရတဲ့အထိ အစ်မေးမဲ့အားအင်တွေအပြည့်နဲ့။ ဝမ်းနည်းမှုနည်းနည်းကလည်းခပ်ပါးပါးဖုံးနေသယောင်။ ဒီလိုအချိန်ကျတော့လည်း အားနာတတ်တာက လွယ်လွယ်နဲ့ပျော့ညံ့တတ်သူအသွင်ကိုဆောင်နေပြန်ရော။

" ဟုတ်တယ် မင်းကိုစိတ်ပူလို့ "

မဲ့ခနဲဖြစ်သွားလို့ထင်းထွက်လာတဲ့ပါးချိုင့်လေးက အပေါ်စီးကကြည့်နေရတာတောင် မွတ်သိပ်မှုအပြည့်နဲ့။ Chanyeol က တစ်ခါတလေကျတော့လည်း သူ့ကိုအဲ့လိုခပ်တိုးတိုးလှောင်တတ်ပါသေးတယ်။

HANDSWhere stories live. Discover now