H 23

435 39 53
                                    

ဒီနေ့ ရလာတဲ့ဓာတ်ပုံစတန်းလေးမှာစိုအိအိသစ်သားဘောင်လေးထဲ ပန်းစည်းတွေတပွေ့ကြီးကိုင်ထားတဲ့သူ့ခါးကိုဖက်ရင်း ဘွဲ့လက်မှတ်စာအုပ်လေးကိုပိုက်ထားပြီး သွားဖုံးတွေပေါ်တဲ့အထိပြုံးနေတဲ့စီနီယာနဲ့သူနဲ့ပုံလေးကို သတိတရကြည့်နေမိတာ တစ်နေကုန်သွားပေမယ့် Chanyeol အခုထိကြည့်လို့မဝသေး။

ကြည့်ပါဦး.. ချောလိုက်တာ။ ဘွဲ့ဝတ်စုံနဲ့မို့လို့ပိုပြီးတောင် နဂိုထက်ခန့်ညားထည်ဝါနေတဲ့သူ့မျက်နှာသွယ်သွယ်က ဆယ်ကျော်သက်လေးလိုပဲ။ ပါးလေးတွေမို့တက်တဲ့အထိပြုံးပြီးပျော်နေခဲ့တာ။

ဘာလိုလိုနဲ့သူနဲ့စီနီယာအတူတူရှိနေခဲ့တာ စီနီယာတောင်ဘွဲ့ရလို့ သူလည်း အလုပ်သင်လေးဖြစ်နေပြီ။ Composer... အဲ့ဒီလမ်းကြောင်းမှာရပ်တည်ဖို့ သူဖြိုခဲ့ရတဲ့တောင်တွေထဲ စီနီယာကတော့ပထမဆုံး။ ကျောင်းထွက်မယ့်ကိစ္စကိုလက်မလျှော့တဲ့သူ့ကြောင့် အကြီးအကျယ်ရန်ဖြစ်ခဲ့ကြတာလေ။

နောက်တော့လည်း စီနီယာကပဲ သူကျောင်းထွက်မယ့်စာရွက်စာတမ်းအထိအကုန်ပြင်ဆင်ပေးခဲ့တာပါပဲ။ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ သူ့ကိုပါ လိုက်ဂရုစိုက်ခဲ့ရတဲ့ စီနီယာ့ရဲ့နောက်ဆုံးနှစ်ကထင်ထားတာထက်ပိုပြီးခက်ခဲပင်ပန်းခဲ့မှန်း သူအသိဆုံး။ ဒါပေမယ့် သူတို့နှစ်ယောက်တူတူရှိချိန်မရှိသလောက်နည်းသွားခဲ့တဲ့နှစ်တွေက အခုဆိုပြီးဆုံးသွားပြီမလို့ Chanyeol လိုတာထက်ပိုပျော်နေမိတယ်။

ဒါတောင် ဘွဲ့နှင်းသဘင်အခမ်းအနားပြီးပြီးချင်း နယ်မှာ Mike ရဲ့ရှိုးပွဲတစ်ခုရှိတာကြောင့် ညအထိမနေပေးနိုင်ခဲ့။ တကယ်သွားမှဖြစ်မှာလားကွာ ဆိုတဲ့မချင့်မရဲငြူစူသံလေးကြောင့် စိတ်ကပျော့ချင်နေခဲ့ပေမယ့်လည်း မာန်တင်းပြီး ထွက်လာခဲ့ရတာပါပဲ။ အခုမှသူများနောက်လိုက်နေရဆဲ ကျွန်တော်က ဒီလောက်မှလက်ကြောမတင်းနိုင်ရင် ဒီလောကမှာ ဘယ်လိုလုပ်ဆက်လျှောက်နိုင်မှာတဲ့လဲ။ ဒါကိုသူလည်းသိပါတယ်။

" Chan "

" အမေ့ "

ဘယ်အချိန်ထဲကအခန်းထဲရောက်နေမှန်းမသိတဲ့သူက အိမ်နေရင်းဘောင်းဘီတိုလေးကလွဲလို့ အဝတ်တစ်စတောင်ရှိမနေတဲ့ကျွန်တော့်ကိုယ်ကိုသိမ်းကျုံးပြီးဖက်ထားတာများ။

HANDSWhere stories live. Discover now