Memorandum
317 26 16
ဒီနေရာအထိ စောင့်ကြည့်ပြီးသဘောကျပေးလာတဲ့သူတွေတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။
မနှစ်က လူတိုင်းပင်ပန်းနေကြမယ်လို့ထင်ခဲ့မိလို့ ကိုယ့်ကိုယ်ကိုယ်လည်း တစ်နေရာရာမှာအရေးပါတယ်လို့ဖြေသိမ့်နိုင်အောင် rest မယ်ပြောထားပြီးကာမှ စာပြန်ရေးဖို့ဆုံးဖြတ်လိုက်ရတာ။ Draft ထဲလျှောက်ရေးထားတဲ့အပိုင်းအစတွေထဲအပြေးအလွှားရှာကြည့်ရင်း ဒီဟာလေးကိုမြင်တော့ စိတ်ထဲကနေ 'တစ်ခုခု တင်ချင်ရင်တောင် ဒီဟာပဲဖြစ်ရမယ်' ဆိုတဲ့အတွေးကဖျက်ခနဲဝင်လာခဲ့တာ။ အဲ့ကနေ နှစ်ရက်လောက် တင်သင့်မတင်သင့်စဉ်းစားပြီး သူငယ်ချင်းနဲ့ပါမတိုင်ပင်မိပဲ cover တွေပါ မတောက်တခေါက်လျှောက်လုပ်မိသူ ရှည်ကြောထတဲ့ မိကျောင်းမ ᕕ( ཀ ʖ̯ ཀ)ᕗ
စာရေးတာက ကိုယ့်ကိုယ်ကိုယ်အတွက်ပြီးရင် စာဖတ်သူတွေအတွက်လို့ပြောလို့ရပါတယ်။ လူတွေကိုအပန်းပြေစေချင် ရသတမျိုးမျိုးခံစားစေချင်တာက အမြဲတမ်းရှိခဲ့တဲ့ ရည်ရွယ်ချက်ပါ။ ဒါပေမယ့်လည်း တစ်ဆက်တည်းမှာ ကိုယ်ရေးတဲ့စာကြောင့်ဖြစ်ဖြစ် ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်တစ်ခုခုဖြစ်ခဲ့ရရင် ဒီကနေပဲတောင်းပန်လိုက်ပါတယ်။ အဲ့လိုဖြစ်ပါစေလို့ရည်ရွယ်ပြီး လုပ်ခဲ့တာလည်းမဟုတ်လို့ အားလည်းနာပါတယ်။
Feedback တိုင်းကိုလည်း emoji က အစသတိထားမိပါတယ်။ ဟိုလိုမျိုးကြီး လိုက်ကြည့်နေတာတော့မဟုတ်ပါဘူး။ တမျိုးမထင်ပါနဲ့ :,) အိုင့်ဘက်က တစ်ခါတလေ reply ပြန်ဖို့ပျက်ကွက်တာတွေလည်းရှိပါတယ်။ အဲ့လိုမျိုးကလည်း တခြားမဟုတ်ပဲ ပါဆင်နယ်ကိစ္စတွေကြောင့်ပဲဖြစ်ဖို့များပါတယ်။ အဲ့တာကြောင့် အဲ့တာကိုလည်း စိတ်မခုကြပါနဲ့ဦးနော်။
နောက်ဆုံးအနေနဲ့ပြောရရင်တော့ အစကိုပြန်သွားရမှာပါပဲ။ တစ်ယောက်ချင်းစီ အားလုံးကိုကျေးဇူးတင်ပါတယ်။ အိုင့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင်လည်း တကယ်အားနာပါတယ်။ ဒါဆို စိတ်ရောကိုယ်ပါ ကျန်းမာအောင်နေကြပါ။ တာ့တာ ugly cries* (ಥ_ʖಥ)
p.s.
HANDS နဲ့ပတ်သက်ပြီးသဘောကျတာတွေ ဒါမှမဟုတ် အမှတ်တရတွေ ရှိရင်လည်းရေးသွားကြည့်ပါ။ မရေးလည်းရပါတယ်။ အိုင့်ကိုမကျေနပ်တာတွေရှိရင်တော့ ဆက်သိမ်းထားပေးပါအူးနော်။ ခေတ်ကာလကြီး ပြန်ကောင်းလာမှပဲ လာပြောကြပါ 🧎‍♀️ just kidding i love yall anyways.
p.s.
HANDSWhere stories live. Discover now