H 19

316 44 48
                                    

" ဘာပြောလိုက်တယ် "

" အကုန်လုံး စုနေကြ... "

" မနေပါဘူး နှစ်ယောက်ခန်းတွေပဲယူမယ် "

ယောက်ျားလေးသက်သက် မိန်းကလေးသက်သက် အဖွဲ့လိုက်စုနေမယ့် ကိစ္စအပေါ် Woo Bin ရဲ့ အထွန့်တက်မှုကိုလူတိုင်းရှုံ့မဲ့နေပေမယ့် Kris နဲ့ Sehun ကတော့ ဘယ်သူမှမမြင်အောင် တိတ်တိတ်လေးကျေနပ်နေမိတယ်။

" ဟေ့ကောင် Woo Bin
အတွဲတွေကတော့ဟုတ်တာပေါ့ကွ
အတွဲမဟုတ်တဲ့လူတွေကဘယ်လိုလုပ်မလဲ "

Jin Goo ရဲ့မေးခွန်းထုတ်မှုကို Jihyo Noona ကလည်းခေါင်းတငြိမ့်ငြိမ့်နဲ့မို့ Kris စိတ်ထဲအကျပ်ရိုက်သွားတယ်။ မရဘူး။ Chanyeol နဲ့ သူနဲ့တူတူနေရမှဖြစ်မယ်။ ပြီးတော့ သူတို့နှစ်ယောက်ထဲလည်းဖြစ်မှရမယ်။

" အတွဲတွေဖြစ်သွားတာပေါ့ ဟီးဟီး "

ဝင်ပါရင်ကောင်းမလားလို့ စဉ်းစားနေတုန်း ရုတ်တရက် သူ့ဘေးနားမှာ ကုပ်ကုပ်လေးငြိမ်နေရာကနေ အသံထွက်လာတဲ့ကောင်လေးကို ဆွဲခေါ်ရင်းပါးစပ်လှမ်းပိတ်ရတယ်။

ဒိုင်းကနဲလွင့်လာတဲ့ Yeji နဲ့ Jin Goo ရဲ့မျက်စောင်းတွေကသူ့ဆီတည့်တည့်လာစိုက်တော့မယောင်ဖြစ်နေတာကို မသိပဲ သွားတဖြဲဖြဲလုပ်နေတဲ့ကျေးဇူးရှင်က အခုထိသူ့ဘေးသူမမြင်မိသေး။

" ဟုတ်ပါ့ ပြောလိုက် Chanyeollie "

" မင်းဘာသာမင်းရှင်း ဟေ့ကောင် Chanyeol ကိုဆွဲမထည့်နဲ့ "

Kris ဟိုကောင်လေးပါးစပ်ကိုပိတ်ထားရင်းနဲ့ပဲ Woo Bin ကိုလှမ်းဟောက်လိုက်မိတယ်။ နောက်ဆုံးတော့လည်း Jihyo Noona ရဲ့အဆုံးအဖြတ်နဲ့ပဲ စုနေချင်တဲ့သူတွေက အဆင်ပြေသလိုအခန်းယူပြီး စုနေကြ။ နှစ်ယောက်ထဲနေချင်တဲ့သူတွေက နှစ်ယောက်ခန်းယူကြဆိုပြီး။

" ဘယ်သွားမှာလဲ "

" မနေဘူး ခင်ဗျားနဲ့လုံးဝမနေနိုင်ဘူး လွှတ်..
Chanyeol ငါ့ကိုပါခေါ်  ငါမင်းနဲ့နေမယ် Park Chanyeol "

" အာ.. Jong Suk "

Woo Bin လက်ထဲမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သူ့သူငယ်ချင်းကိုဆွဲခေါ်ဖို့လုပ်နေတဲ့ Chanyeol ကို Kris ဆွဲထားမိတယ်။ အဲ့ဂယက်ဘေးမှာလည်း Joo Hyuk က ငေါင်တောင်တောင်နဲ့ သူတို့နှစ်ယောက်ကိုအသနားခံတဲ့မျက်လုံးလေးတွေနဲ့ကြည့်နေတယ် ဆိုပေမယ့် မဖြစ်ပါဘူး။ ကိုယ့်အတွက်ကိုယ်ကြည့်ရမယ်လို့ Kris မာန်တင်းလိုက်မိတယ်။

HANDSМесто, где живут истории. Откройте их для себя