H 22

322 44 24
                                    

" ဘာလို့လက်ရှည်တွေချည်းပဲလဲ "

" Omma ဝယ်ပေးထားတာတွေ "

Omma အသံကြားတော့ နှာခေါင်းလေးရှုံ့ပြပြီး ဘာအသံမှထပ်ထွက်မလာတော့တဲ့ ဖုန်းမျက်နှာပြင်ပေါ်က ဂျစ်တူး။

" ကဲ.. ပြော ရွေးလို့ပြီးပြီလား
ကိုယ်ဘာဝတ်ရမလဲ "

အိမ်မှာ Dad ကပါမေးနေပြီမလို့ Chanyeol ကိုအိမ်နဲ့မိတ်ဆက်ပေးဖို့ကိုဒီ့ထက်ပိုရှောင်လွှဲလို့မရတော့တာကြောင့် လာမယ့် ပိတ်ရက်မှာ ကိုယ်တော်လေးကို ညစာဖိတ်ကျွေးကာမှ ကိုယ်ဝတ်ရမယ့်အင်္ကျီကိုသူရွေးမယ်ဆိုလို့ Video Call နဲ့ခေါ်ပြီးရှိသမျှအဝတ်တွေထုတ်ပြနေရခြင်းပင်။

" မသိတော့ဘူး လက်ရှည်မဝတ်နဲ့ "

" ဘာလို့လဲ အဆင်ပြေတယ်မဟုတ်ဘူးလား
ကိုယ်ဝတ်နေကျပဲကို "

" ပြေတယ် ပြေလွန်းလို့ "

" ဟင် "

" ခင်ဗျားနော် အခုနောက်ပိုင်း အဲ့တာတွေပဲဝတ်တော့တာ ကျွန်တော်လုံးဝမကြိုက်ဘူး "

" ကိုယ် အရင်ကလိုတွေဝတ်ရအောင် ငယ်ငယ်လေးမှမဟုတ်တော့တာ Chanyeol ရာ "

" ဘယ်လောက်ကြီးနေလို့လဲ ကြည့်လိုက်ရင်အမြဲ ကြယ်သီးကိုဖြုတ်ဖြုတ်ပြီး "

" ကြယ်သီးအပြည့်တပ်ထားမှာပေါ့
Omma တို့လည်းရှိနေတဲ့ဟာ "

" Ommoni တို့မရှိရင် ဖြုတ်ထားဦးမယ်ပေါ့ "

ကြည့်.. သူ့မိဘတွေနဲ့တွေ့မယ့်ကိစ္စကိုအိမ်မှာဘယ်အပြင်လူမှလည်းရှိတာမဟုတ်ပဲ။ အင်္ကျီကိုအကြောင်းပြပြီး သက်သက်ကြီးကို ကတ်သတ်ပြောနေတဲ့ Chanyeol ဟာ ဟိုနေ့ကကိစ္စကိုအစာမကြေသေးမှန်းအသိအသာကြီး။

" Chan မင်းဘာကိုမကျေနပ်တာလဲ "

" ခင်ဗျားဘာသာခင်ဗျား ပြန်မပြောနိုင်တော့တိုင်း
ကျွန်တော့်ကိုရန်လာမလုပ်နဲ့ အဲ့လောက်ဒေါသထွက်တတ်နေရင် ခင်ဗျား စီနီယာမမတွေနဲ့ရန်သွားဖြစ် "

" သူတို့နဲ့ဘာလို့ဖြစ်ရမှာလဲ ချာတိတ်ရာ
အဲ့နေ့ကတကယ် သူတို့မူးနေလို့ ကားပေါ်လိုက်တင်ပေးခဲ့ရုံအပြင် ဘာမှမဟုတ်ပါဘူးဆိုနေ "

HANDSTahanan ng mga kuwento. Tumuklas ngayon