H 2

329 58 14
                                    

" EC တွေ SR တွေ နေ့လယ် အစည်းအဝေးရှိတယ်
သမဂ္ဂရုံးခန်းကိုသွားကြနော် "

ရှေ့က Yeji ကစတိတ်စင်ပေါ်တက်ပြောနေပေမယ့် ပထမနှစ်ကလေးတွေကတော့သိပ်အာရုံမရှိလှ။

" ကလေးတွေနင့်ကိုတအားလေးစားတာပဲနော် "

" နင်ပါးစပ်ပိတ်ထားနော် Kris Wu
ဒီဟာလေးတွေကလည်း လူကိုဆိုအဖတ်ကိုမလုပ်ဘူး တကယ်ပဲ "

ဆူပုတ်ဆောင့်အောင့်ပြီးဖိနပ်သံတဂွပ်ဂွပ်နဲ့ဆင်းသွားမှ အခန်းထဲက ပထမနှစ်လေးတွေက မယ်မင်းကြီးမကိုကြောင်တောင်တောင်လေးငေးနေတယ်။

Kris တစ်ချက်ရယ်လိုက်ပြီး သူ့နောက်ကနေလိုက်သွားတော့ အတန်းအေ ကိုအဖြတ်မှာ ဒုတိယပြတင်းပေါက်ကနေ ကော်ရစ်ဒါဆီကိုကျွံထွက်နေတဲ့ ခေါင်းဖြူဖြူ။

လက်သရမ်းတဲ့လူတွေသာဆို လမ်းသွားရင်းမြင်နေရတဲ့အဲ့ဒီဆံပင်ဖွာဖွာတွေကိုလှမ်းဆွဲသွားကြမှာမှန်းစရာတောင်မလို။

.
.
.
.
.
.

" ချောလိုက်တာဟယ်
နင်တို့မြင်လိုက်လား ရယ်သွားတာလေ "

" တော်ရုံလုပ်ပါ Yoon ရယ် "

ဘေးမှာထိုင်ပြီး Kris Wu အင်္ကျီမှာ ကပ်ပါသွားတဲ့ သူ့မျက်လုံးတွေကို အခုပဲပြေးယူတော့မယောင်နဲ့ လှုပ်စိလှုပ်စိ ကောင်မလေး။

" စီနီယာ Kris က တကယ့်ဒိတ်ဒိတ်ကြဲဟ
ငါပြောပြမယ် လာကြ "

သူများအကြောင်းဆိုတအားစိတ်ဝင်စားတဲ့ ကောင်တွေ ရှေ့တန်းကနေနောက်ဘက်ကိုလှည့်လာပြီး ခေါင်းခြင်းဆိုင်ပြီးသား။

" သူက သမဂ္ဂအတွင်းရေးမှူးလေ ကျောင်းအုပ်နဲ့လည်းဆက်ဆံရေးကောင်းတယ်လို့ကြားတာပဲ
အရမ်းချေတယ်.. တော်ရုံဆိုအပေါင်းအသင်းမလုပ်ဘူးတဲ့ ခင်ရင်တော့ တော်တော်ခင်ဖို့ကောင်းတယ်လို့ပြောတယ် တခြားစီနီယာတွေလို ဂျူနီယာတွေနဲ့လည်း သိပ်မခင်ဘူးတဲ့ သူပေါင်းချင်တဲ့သူပဲရွေးပေါင်းတာ အဲ့လို "

" ဟာ ဒီဘဲကတကယ့် ဇယားပဲ
Chanyeol ပြောတာမှန်တယ် "

" ငါပြောသားပဲ အာရုံပါကွာ
အဲ့လိုဘဲကြီးတွေက တတိယနှစ်ရောက်လို့ အိုနေပြီဆိုတော့ စော်ကြည်ခံချင်ရုံသက်သက်ပဲ အလကား "

HANDSTahanan ng mga kuwento. Tumuklas ngayon