H 5

260 58 12
                                    

' တကယ် မလိုပါဘူး
ကျေးဇူးတင်ပါတယ် ပင်ပန်းသွားပြီ စီနီယာ '

အဲ့နေ့ညက Oh Sehun ကိုတော့ သူ့အိမ်ကိုလာခေါ်ခိုင်းလိုက်ပေမဲ့ Chanyeol ကိုတော့ Kris ပြန်ပို့ဖို့ပြင်ချိန်မှာ ကြားလိုက်ရတဲ့စကား။ မလိုလားမှုအရိပ်အယောင်တွေနဲ့မလို့ ရှေ့ဆက်မတိုးခဲ့ပေမဲ့ သူ့ဘက်ကလည်း ထားသင့်ထားထိုက်တဲ့စေတနာတစ်ခုအပြင်ဘာမှမပိုခဲ့တာ သူအသိပါပဲ။

ဘယ်လိုပဲပြောပြော ဘာကိုမဆို အငြင်းခံရတဲ့ခံစားချက်ဟာငုံမနိုင်ထွေးမရနဲ့အောင့်သက်သက်ကျန်ခဲ့တာတော့အမှန်ပဲမဟုတ်လား။ ကြည့်ရတာ သူနည်းနည်း စည်းကျော်သွားမိတယ်ထင်တယ်။ သူ့အတွက်သူ လူတွေနဲ့ပတ်သက်လာရင်ချထားတဲ့စည်းမျဉ်းတချို့ကိုချိုးဖောက်ပြီး အဲ့နေ့ညက ဒီအတိုင်း.. ဒီတိုင်းပဲ ညမှောင်နေတဲ့အပြင် လမ်းသင့်လို့ သူစီးမယ့် Bus တူတူစီးပေးချင်ခဲ့ရုံပါပဲ။ ဒါပေမဲ့ မလိုအပ်ခဲ့ပါဘူးတဲ့။

ဒေါသထွက်နေတာမဟုတ်ပေမဲ့ စိတ်ကြည်နေတာလည်းမဟုတ်ပြန်ဘူး။ ဘယ်တတ်နိုင်မလဲ။ အရောတဝင်နေလိုက်မိခြင်းရဲ့အကျိုးအပြစ်တွေပဲ။

" Road trip ထွက်ရတော့မယ် ဟေ့
ကလေးတွေကတော့ trip သက်သက်ပဲ
ငါတို့ကတော့ .. "

စကားတစ်ဝက်တပျက်မှာ Yeji လက်ထဲပါလာတဲ့ Paper တစ်ခုကြောင့် အတန်းထဲကလူတွေကဟာခနဲဟင်ခနဲ။

" အခုမှတတိယနှစ်ကိုတစ်လပဲတက်ဖူးသေးတာပါ
ဒါတောင် welcome ကြောင့် ပျက်ထားတာမနည်းဘူး
ဘာလို့ Project assignment လဲကွာ "

Kris ကိုယ်တိုင်တောင်စိတ်ပျက်သွားရတယ်။ တတိယနှစ်ကစာများလာမှန်းတော့သိပေမဲ့ ဒီလောက်အတွန်းခံရမယ်လို့မထင်တာအမှန်ပဲ။ intern တွေလည်း နှစ်ဝက်လောက်ကျရင်ဆင်းရမှာပေမဲ့ အခုမှကျောင်းဖွင့်တာတစ်လတောင်မပြည့်သေးတာကို excursion လွှတ်ပြီး assignment ဆိုတော့ တင်းလည်းတင်းချင်စရာပဲ။

" ပထမနှစ်တွေနဲ့တူတူသွားရမှာ
ပြီးတော့ သိပ်လည်း pressure မများပါနဲ့
ဒီ assignment result က grade ကိုမထိဘူး "

အဲ့တော့မှပဲ ပြုံးနိုင်ရွှင်နိုင်သွားတဲ့ အတန်းထဲကမျက်နှာတွေ။ Kris ကတော့ မဲ့လိုက်မိပါတယ်။ ကလေးတွေကိုကျောင်းပျော်အောင်လုပ်ပေးချင်ဇောနဲ့ သူတို့ကဘာမဆိုင်ညာမဆိုင် assignment ​ရေးရတဲ့အပြင် trip အတွက်ပါစီစဥ်ရတော့မယ်လေ။

HANDSМесто, где живут истории. Откройте их для себя