H 8

245 54 11
                                    

" Jongin လုပ်စမ်းပါ ငါနဲ့လဲရအောင် "

Kris တစ်ယောက်ခေါင်းခါလိုက်မိတယ်။ ဘေးနားကနေ မိုးမလင်းသေးဘူး Jongin ကို တဆာဆာနဲ့ပူပြင်းနေတဲ့ Kim Woo Bin

ကိစ္စကတော့ သူကကားနံပါတ် 2 ကျလို့ ဟိုကောင်လေး Chanyeol ပါတဲ့ 1 ကိုအသေရရအရှင်ရရ ဘီးဖက်ပြီးပဲလိုက်ရရ အဲ့ကား 1 မှ 1 ဖြစ်နေတာပါပဲ။

ကံဆိုးသူမောင်ရှင် Kim Jongin တစ်ကောင်တည်း သူတို့သုံးယောက်နဲ့မတူပဲ ကားနံပါတ် 1 ကိုကျသွားခြင်း။ သူရယ် Woo Bin ရယ် Jin Goo ရယ်ကတော့ ကား 2 မှာ ပျော်ပျော်ပါးပါးပင်။ အဲ မပျော်ပါးနိုင်တာကတော့ Woo Bin ပေါ့လေ။

" မလဲဘူး ဘာဖြစ်နေလဲ "

နေ့ချင်းပြန်ခရီးမို့ ပြန်ချိန်တအားနောက်မကျအောင် သူတို့မနက်လေးနာရီအရောက် ကျောင်း​ရှေ့မှာ Bus တွေခေါ်ထားပြီးသားပင်။ ကျောင်းသားတချို့ကရောက်လာပေမဲ့ အကုန်ရောက်မလာသေးတဲ့ထဲ မှောင်မှောင်မည်းမည်းထဲ Woo Bin အသံက တိုးတလှည့်ကျယ်တလှည့်။

" လဲပါဆို Chanyeollie နဲ့တူတူထိုင်ချင်လို့ ငါက "

" အဲ့လောက်ဖြစ်မနေနဲ့ ဟိုကမင်းကိုခေါင်းထဲတောင်မထည့်ဘူး "

" အလိုလိုတော့ဘယ်ခေါင်းထဲထည့်မလဲ ငါကြိုးစားရမှာပေါ့ Jongin မင်းကလည်း လဲပေးပါဆိုမှ "

Kris ကတော့ လူစာရင်းစာရွက်ကြီးကိုင်ပြီးပဲ ဘေးကနှစ်ကောင်ကိုလျစ်လျူရှုရင်း ဖုန်းသုံးနေလိုက်တယ်။ မီးစိမ်းနေတဲ့ acc တွေထဲ Chanyeol ကထိပ်ဆုံးမှာ။

ဒီကောင်လေးတစ်ညလုံး လိုင်းပေါ်မှာရှိနေတာ ဘာလုပ်နေလဲတော့မသိ။ ဟိုတစ်ခါစားသောက်ဆိုင်ကကိစ္စအပြီး ကြားထဲမှာလည်းမတွေ့ဖြစ်။ ယုတ်စွဆုံး major shirt သွားယူတဲ့နေ့တွေ သမဂ္ဂရုံးခန်းအစည်းအဝေးတွေတောင်မတက်တာ Minho ကိုမေးကြည့်တော့လည်းမသိဘူးချည်းသာ။ နောက်မှကလေးတွေဆီကပြန်ကြားတာတော့ သူကျောင်းမတက်တာတဲ့။ ဒီနေ့ Trip တောင်လာပါ့မလားလို့ Kris စိတ်ထင့်နေတာကြောင့် သူ့နာမည်ကို စာရွက်ပေါ်ဝိုင်းထားလျက်သား။

.
.
.
.
.

" Lee Jong Suk.. ပထမနှစ် Lee Jong Suk ရှိလား "

နေမထွက်သေးပဲ ခပ်စစရွာလာတဲ့မိုးကြောင့် မနက်ငါးနာရီတောင်မထိုးသေးပေမဲ့ ကားပေါ်မှာလူတွေစုံနေပြီ။ ကားထဲမှာ လူစစ်နေတဲ့ အသံက မိုးဖွဲလေးနဲ့အပြိုင် ခပ်ကျယ်ကျယ်။

HANDSWhere stories live. Discover now