H 18

328 49 57
                                    

ပေါ့ပါးသွားတဲ့ခန္ဓာကိုယ်နဲ့အတူ အပေါက်ဝနားလေးတင် တံခါးဘောင်ကိုမှီလို့ ခပ်ဖွဖွ လွှတ်ချခဲ့ရတဲ့ သူ့အယုအယတွေ။ နောက်ချန်ခဲ့တာဆိုလို့ ခြေရာတွေပဲရှိနေမှာပေမယ့် သူဘယ်လောက်အတိုင်းအတာထိကြိုးစားခဲ့သလဲ ကြိုးစားချင်ခဲ့လဲ ဆိုတာကို ဒါတွေကနေတစ်ဆင့်သိပါလိမ့်မယ်။

ဘယ်လိုပဲရှေ့ဆက်တိုးဖို့အားထုတ်ပါစေ မဖြစ်နိုင်ဘူးဆိုတဲ့ခံစားချက်က Kris ကိုဒုက္ခပေးလွန်းပါတယ်။ သူအများကြီးကြိုးစားခဲ့ပြီးလို့ ခြေကုန်လက်ပန်းကျနေပြီဆိုတာကိုလည်း သူ့ကိုယ်သူသိတယ်။ ဒါတွေကိုကျော်လွန်ပြီး မေ့ပစ်နိုင်တဲ့အထိ လက်မလျှော့နိုင်သေးပေမယ့်...

လူဆိုတာ ဘယ်အချိန်မှာရှေ့ဆက်တိုးရမလဲ ဘယ်အချိန်မှာတော့ လက်သင့်ခံလိုက်ရမလဲ သိနေဖို့လိုသေးတယ်မလား။ ဒီအတောအတွင်း ခဏခဏဝန်ခံဖြစ်ပေမယ့် အခုထိလက်မခံချင်သေးတဲ့ အမှန်တရားတစ်ခုကို သူမေ့ထားလို့မရဘူး။

Chanyeol.... အဲ့ဒီကောင်လေး ချစ်တဲ့လူက သူမှမဟုတ်တာ။

နောက်ပြန်လှည့်ရတဲ့ခြေလှမ်းတွေက ရင်ထဲမျက်နေအောင်နာကျင်ရသလောက် ခုနကခြေလှမ်းတွေလို မခက်ခဲတော့ဘူး။ တစ်ဘဝလုံးအတွက် လုံလောက်တဲ့ နာကျင်မှုတစ်ခုလို့ဆိုနိုင်ရအောင် သူ့အကျအရှုံးကို ပိုပြီးအားဖြည့်ပေးနေတဲ့မိုးစက်တွေကအခုထိခပ်ဖွဲဖွဲနဲ့လျှာထိုးဦးထုပ်နဲ့သူ့ပခုံးပေါ်ကိုတဖောက်ဖောက်လာရိုက်နေတုန်း။

" စီနီယာ "

​တစ်ကိုယ်လုံးကအကြောတွေအေးခဲသွားသလိုမျိုးစေစားနိုင်တဲ့ သူ့ကိုဦးတည်ပြီးမြည်တမ်းသံခပ်တိုးတိုးမှာ Kris လှမ်းတော့မယ့်ခြေတွေကိုစုံပြန်ရပ်လိုက်ပြီး အသာအယာလှည့်ကြည့်မိတော့ အဲ့ဒီမျက်ဝန်းတွေကိုတစ်ခါလောက်ဖြစ်ဖြစ် သူ...

မထင်ထားတဲ့အရှိန်မျိုးနဲ့ သူ့ဆီတည့်တည့်ပြေးဝင်လာတဲ့ခန္ဓာကိုယ်တစ်ခုကို သူအမိအရဖမ်းထိန်းလိုက်တာတောင် မလျော့တဲ့အရှိန်ကြောင့် နောက်ကိုလန်ကျလုနီးနီး။

သူ့တစ်ကိုယ်လုံးရစ်ပတ်သိုင်းနှောင်ထားတဲ့ လက်တွေကအားအင်အပြည့်နဲ့ ခြေထောက်တွေမြေကြီးနဲ့မထိတော့ပဲ သူ့ခါးထိတက်ချိတ်တော့မတတ် တင်းကျပ်ထွေးဖက်မှုမျိုးနဲ့ သူ့ရင်ဘတ်ပေါ်ဖိကပ်ထပ်ထားလျက် လိုတာထက်ပိုမြန်ပြီးပြင်းထန်နေတဲ့ရင်ခုန်သံတစ်ခုနဲ့အတူ အသက်ရှူသံခပ်ပြင်းပြင်းတစ်ခုဟာ ပါးပြင်ကိုခပ်ကြဲကြဲမိုးစက်တွေနဲ့အပြိုင်ရိုက်ခတ်နေတာနွေးမြမြ။

HANDSDonde viven las historias. Descúbrelo ahora