H 20

335 45 45
                                    

" Chanyeol ဖြစ်ပါ့မလားကွာ
Kris Hyung သိရင် စိတ်ဆိုးမယ်ထင်တယ်နော် "

ဘေးမှာ Jong Suk တို့ဝိုင်းပြောနေတာကိုမကြားသလိုနဲ့ Chanyeol လှဲနေရာကထလိုက်ပြီး မှန်ရှေ့ရပ်လိုက်မိတယ်။ မျက်နှာကိုမော့ရင်း ညာဘက်ကိုတိမ်တိမ်လေးစောင်းပြီးလည်တိုင်ကိုအသားပေးလိုက်တော့ မေးရိုးအဆုံးနားမှာ ထင်းခနဲပေါ်လာတဲ့ K.W. ဆိုတဲ့ စာလုံးလေးနှစ်လုံး။

သူ့ရဲ့ပထမဆုံး Tattoo..

သူသဘောကျတဲ့နေရာမှာ သူသဘောကျတဲ့လူနာမည်နဲ့မို့ သိပ်ပြီးအထွေအထူးမရှိလှ။ အခုမှ ထိုးပြီးပြီးချင်းမို့စပ်ဖျဉ်းဖျဉ်းနဲ့အောင့်သက်သက်ဖြစ်နေတာမလို့ သိပ်တော့အထိမခံချင်။

' ပထမဆုံးအကြိမ်ဆို အရမ်းနာမှာ
ကိုယ်မင်းဘေးမှာရှိချင်တယ် '

ခေါင်းထဲပေါ်လာတဲ့ စီနီယာ့စကားသံတွေကိုလျစ်လျူရှုလိုက်ရင်း Chanyeol ပြုံးလိုက်မိတယ်။

" ဆိုးပါစေ သူစိတ်ဆိုးအောင်လုပ်ရတာ ဘယ်လောက်ခက်လဲမင်းတို့သိလား ဥပုသ်ကလည်းစောင့်ချက် ငါ့ရည်းစားက ဗုဒ္ဓပဲ ဗုဒ္ဓ "

" အေးလေ သူက အဲ့လောက်အေးအေးဆေးဆေးရှိတာကွာ ဖြစ်မယ့်ဖြစ်တော့လည်း မင်းလိုဗရုတ်နဲ့မှသွားဖြစ်ရတယ်လို့ "

" အဲ့တာတော့ မင်းတို့ရဲ့ Kris Hyung ကိုသွားပြောလေ
ငါမှငါဖြစ်နေတာ ဘယ်တတ်နိုင်ပါ့မလဲ "

ဟိုနေ့ကမှ စီနီယာဆိုးပေးထားတဲ့ နက်မှောင်နေတဲ့ဆံပင်တွေထဲလက်ထိုးဖွလိုက်ရင်းဆိုမိတဲ့ သူ့ရဲ့ပြောင်စပ်စပ်အပြောကို Sehun နဲ့ Joo Hyuk ကနားမလည်သလိုလှမ်းကြည့်လာတယ်။

" မင်းကရော "

" ငါကလည်း သူမှသူပဲကွ "

" ဘောပဲ ခွေးကောင် "

" ဟီးဟီး "

ခပ်သွက်သွက်ပြေးထွက်လိုက်ပေမယ့် တင်ပါးဆီမမီမကမ်းရောက်လာတဲ့ ကန်ချက်တွေနဲ့အတူ ကျန်ခဲ့တဲ့ ဆဲသံတွေက ညံလို့။

.
.
.
.
.

" ကိုယ်လုံးဝသဘောမတူဘူး Chanyeol "

" စီနီယာ "

" ဟင့်အင်း မရဘူး "

" ကျွန်တော်က.. "

ဖန်တရာထေနေတဲ့ ဒီဇာတ်ကြောင်းကိုပဲ အစအဆုံးပြန်ပြောနေတာမလို့ Kris မှာ စုတ်တသပ်သပ်။ ကျောင်းပိတ်ရာသီကုန်ခါနီးလို့ နောက်နှစ်အတွက်ကျောင်းအပ်ခါနီးမှ ပြဿနာထရှာတဲ့ Chanyeol

HANDSWhere stories live. Discover now