🤎1🤎

686 76 10
                                    

Unicode

"အညိုရောင်ကောင်လေး"

နာမည်အားခေါ်လိုက်သောအခါကောင်လေးသည်လှည့်ကြည့်လာသည်။

"ဗျာ ကျွန်တော့်ကိုခေါ်တာလား?"

သူ့ကိုသူလက်ညိုးထိုးကာပြောလာသောကောင်လေး။ တက္ကသိုလ်တွင်ရေပန်းအစားဆုံးသောကောင်လေး။ အသံသြရှရှသည်ကြားရသူကျွန်တော့်ဖို့တကယ်ရင်ထဲထိလှုပ်ခတ်စေသည်။

ထိုကောင်လေးသည် သူ့ရဲ့စိတ်ဝင်စားမှုကိုခံနေရခြင်း။ နဂိုထဲကရေပန်းစားနေသူမို့စိတ်ဝင်စားနေကြသူများလည်းအများအပြား။ အဲ့ထဲကျွန်တော်လည်းအပါအဝင်။ကျွန်တော်ကတော့စိတ်ဝင်စားတာထပ်ပိုမိုစွာချစ်နေမိခြင်း။

အစကတော့အဝေးကနေပဲမျှော်ကြည့်နေဖို့စဥ်းစားထားပေမဲ့ကြာတော့ရင်းနှီးချင်လာသည်။ အဆင့်မတက်ရရင်တောင်ကောင်လေးကတည်တည်ကြည်ကြည်လေးမို့ဘေးနားကနေထိုင်ငေးကြည့်ချင်မိပါသေးသည်။

"အင်း ကိုယ့်နာမည်ဂျောင်ဟိုဆော့က တတိယနှစ် အနုပညာမေဂျာကပါ"

"ဪ ဟုတ် ကျွန်တော့နာမည်ကင်မ်ထယ်ယောင်းပါ ဝက်ဝံလို့လည်းနာမည်ပြောင်ရှိတယ် အညိုရောင်လို့တော့အကိုပဲခေါ်တာ ကျွန်တော်ကဒုတိယနှစ်ကပါပဲ စီးပွားရေးမေဂျာကပါ"

ကောင်လေးသည်ခပ်ပြုံးပြုံးလေးပြောလာသည်။ ရင်းနှီးဖို့ခက်ခဲမည်လို့မထင်ထားသော်လည်းဒီလောက်လွယ်မယ်လို့လည်းမထင်ခဲ့ပါ။

အညိုရောင်ဆိုတာဘယ်သူမှမခေါ်တဲ့ ကျွန်တော်ပဲသိတဲ့နာမ်စားလေးလေ။ ဝက်ဝံလေးသည် အညိုရောင်အဝတ်အစားအသုံးအဆောင်တွေကိုသိပ်မသုံးသော်ငြား ဝက်ဝံတို့သည်လည်းအညိုရောင်သတ္တဝါလေးတွေပဲမလား။

သူသည်အညိုရောင်အဓိပ္ပါယ်တွေအကြောင်းကောင်လေးအားထုတ်ပြောမနေတော့ပါ။ အပြုံးဖြင့်သာတုန့်ပြန်လိုက်သည်။

"နောက်လည်းခင်ကြတာပေါ့"

"ဟုတ် ခုတော့သွားစရာရှိလို့ခွင့်ပြုပါအုန်း"

"အင်း သွား"

အညိုရောင်တွေနဲ့ပက်သက်လို့သိပ်ပြီးတော့မဖွဲ့နွဲ့တတ်ဘူး။ အညိုရောင်ဆို ဝက်ဝံလေးပဲ။ ဝက်ဝံလေးဆိုကင်မ်ထယ်ယောင်းပဲ။ ပေါ့ပေါ့ပါးပါးလေးပဲတွေးပြီး လေးလေးနက်နက်နဲ့အညိုရောင်လေးကိုချစ်တာပါ။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now