🤎16🤎

271 47 17
                                    

Unicode

|||||||||||||||||||||||||||

နေ့နဲ့ည တစ်ရက်ကနေ တစ်ပတ်။ သတင်းစာကနေ အမွေဖြတ်စွန့်လွှတ်မယ်ဆိုတဲ့စာ။ ကျိန်းသေနေခဲ့တာပဲ။ ကင်ထယ်ယောင်းဟာ ခိုးပြေးသွားပါပြီဆိုတဲ့စာကို ဟိုဆော့ဟန်ဆောင်ကာ သူ့မိဘတွေဆီပို့ခဲ့သည်။

မိဘတွေဟာ သားသမီးထပ်ကျော်လွန်စွာ သားဖြစ်သူရဲ့အညိုရောင်ကို မုန်းတီးပေးခဲ့ပါသည်။ သားသမီးရဲ့နာကျင်မှုတာ မိဘရင်ကိုဆယ်ဆထိစေခဲ့တာမျိုးမို့ သားကိုနာကျင်စေသူနဲ့ပေါင်းဖက်ဖို့မပြောနဲ့ပြန်တွေ့တယ်ဆိုရင်တောင် ပူလောင်နေခဲ့ရတာ။

ဟိုဆော့ပြန်လမ်းမဲ့နေခဲ့သည်။ အိမ်ကိုအပြေးသွားလိုက်လို့ရလောက်ပေမယ့်လည်း ဘယ်နေရာမှန်းမသိတဲ့ရပ်ဝန်း။ ခြံစည်းရိုးအပုလေးကနေ ကျော်ခွ၍သွားလို့လွှတ်မြောက်နိုင်ပေမယ့် တောင်တွေပတ်ချာလည်မှာ လမ်းပျောက်နေမှာလည်းဟိုဆော့သိပါတယ်။

လုံးခြင်းအိမ်လေးထဲ နှစ်ယောက်စာလုံလောက်ရုံလောက် နေရာကခပ်ကျဉ်းကျဉ်း။ အခန်းကထွက်ရုံနဲ့ ဧည့်ခန်းက TV ကြည့်နေတဲ့သူ့ကိုမြင်ရသည်။ ဒီအိမ်ရဲ့ထွက်ပေါက်ဟာ အရှေ့အပေါက်နဲ့ အနောက် Toilet ဘေးက တံခါးသာရှိသည်။

ဟိုဆော့ရဲ့မျက်လုံးလက်ခနဲ! အနောက်ပေါက်ကပြေးလို့ရတာပဲ။ ဘယ်ဆီခြေဦးတည့်ရမယ်ဆိုတာစဉ်းစားမရသေးပေမယ့် ခြေဦးတည့်ရာဆီလှမ်းရမှာပဲ။

ထယ်ယောင်းက သူထွက်လာတာကိုတစ်ချက်သာငဲ့ကြည့်ကာ ပြန်လှည့်ထွက်သွားသည်။ အဲ့နေ့ အဲ့နေ့က သတင်းစာထဲကသတင်းဟာ သူ့သွေးကိုပွက်ပွက်ဆူစေပြီး နမ်းဖို့ရည်ရွယ်ခဲ့ဖူးသောပါးဟာ သူ့လက်ဝါးတို့နဲ့အရင်ထိတွေ့ခဲ့ရသည်။

လက်တုန့်ပြန်တာမျိုးမရှိပဲထယ်ယောင်းဟာ အခန်းထဲကသာထွက်သွားခဲ့သည်။ ဟိုဆော့ဟာ အားလုံးသွားပြီလို့တွေးခဲ့ပေမယ့်လည်း ခုတော့မျှော်လင့်ချက်လေးရပြီလေ။

Toxic Love ဆိုတာမျိုး။ မချစ်တာလားမဟုတ်ဘူး။ ချစ်ခဲ့ကြတာ လွဲနေကြတာ ပေးတဲ့မေတ္တာခြင်းပုံစံမတူခဲ့ကြပဲ ထားတဲ့မေတ္တာတွေသာတူခဲ့ကြတာ။ မမြင်နိုင်တဲ့အချစ်တွေဟာ အားလုံးကိုအထင်လွဲမှားစေပြီး မလိုအပ်တဲ့ထိခိုက်နစ်နာစရာတွေဖြစ်လာရတယ်။ ချစ်သောအချစ်ကြောင့်ဖြစ်ရတဲ့ နစ်နာမှုတွေဟာ toxic love အသွင်ကိုဆောင်ခဲ့သည်ပေါ့။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now