🤎9🤎 [P-1]

244 53 9
                                    

Unicode

ကိုရီးယားမြေကိုပြန်ရှူရှိုက်သည်။ လုပ်ငန်းတွေကိုဦးစီးဦးဆောင်ပြုပြီးနောက် ထပ်မံ၍ကိုရီးယားကလုပ်ငန်းတွေကိုချယ်လှယ်ဖို့ကြိုးစားတော့မယ့် စီးပွားရေးလုပ်ငန်းရှင်ကင်ထယ်ယောင်းအဖြစ်.....

မပြောင်းလဲသေးသော ဒီအမိမြေပတ်ဝန်းကျင်တွင် ပြောင်းလဲသွားသောလူသားလေးကတော့ လေယာဥ်ကွင်းဆီရပ်ဝေးတစ်နေရာမှခြေချလာသော ကင်မ်ထယ်ယောင်းပေါ့။

ခပ်အုပ်အုပ်ဆံပင်အစား လှန်တင်ထားသောဆံပင်တွေ။ ခပ်မှိန်မှိန်ဆွယ်တာလေးတွေ တီရှပ်လေးတွေအစား လူကြီးလူကောင်းဆန်ဆန် ဝတ်ဆုံအပြည့်နဲ့သူ့ပုံစံ။ မျက်မှန်လေးထောင့်လေးနဲ့ကောင်လေးတော့ဟုတ်မနေတော့။ မျက်နှာအမည်းရဲ့အောက်က စူးရှတဲ့မျက်လုံးတွေက အရင်ကစာဂျပိုးတက္ကသိုလ်ကျောင်းသားလေးလိုတော့ဟုတ်မနေပြန်ဘူး။

"ဟူး အခုမှပဲဒီမြေက ဒီလေကိုအဝရှူရတော့တယ် အသက်ရှုရချောင်သွားသလိုပဲ"

မျက်မှန်ကိုချွတ်ကာ အကျီမှာချိတ်လိုက်ရင်းစကားဆိုလိုက်သည်။ ဆိုင်းဘုတ်လေးမှာသူ့နာမည်ရေးကာ စောင့်နေသော ဝတ်စုံအပြည့်နဲ့စောင့်နေသောလူဆီ ခြေလှမ်းအပြည့်နဲ့သွားကာ

"အထုတ်တွေက ဟိုမှာသွားယူလိုက်နော် အိမ်အသစ်ဆီသွားကြတာပေါ့"

အိမ်အသစ် အင်းးးး ဟုတ်တယ် အိမ်အသစ်။ အမေတို့နဲ့အတူမရှိနိုင်တဲ့အိမ်အသစ်။ ခုနက လူဟာ သူ့အတွက်အမေထားပေးထားသော လူယုံတော်။ သူ့ကိုကိုရီးယားမှာပဲထားခဲ့ပြီး ဒီကအခြေအနေတွေကိုစောင့်ကြည့်ခိုင်းခဲ့သည်။ အထူးသဖြင့်နတ်သားလေးရဲ့အကြောင်းကိုရောပဲလို့ဆိုရမလား??

သူ ပေးခဲ့တဲ့အဖြေက မချစ်ဘူးလို့ဆိုလိုခဲ့တာမှမဟုတ်ပဲ။ မချစ်နိုင်သေးဘူးဆိုတဲ့အဓိပ္ပါယ်ဘက်ကိုပဲသက်ရောက်ခဲ့တာ။ ဘာလို့မချစ်နိုင်သေးတာလဲ??? အချိန်မတန်လို့မချစ်နိုင်ခဲ့တာ။ ခုရော.... အင်း အရာရာကိုပြည့်ပြည့်စုံစုံနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်နိုင်ပြီမို့ အချိန်တန်ပြီထင်တာပဲ။

ဒါပေမယ့် ကြားလိုက်ရတဲ့သတင်းက လက်တွဲဖို့ ကောင်မလေးရှိနေပြီဆိုပဲ။ ကောင်းလိုက်တာ ဟောဒီကအချစ်ဦးလေးကိုမေ့ပစ်လိုက်တာများလား???

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now