🤎14🤎

219 45 7
                                    

Unicode

အမေရဲ့လက်တွဲဖော်ရှာပေးမယ့်အစီအစဥ်ကိုလက်ခံခဲ့သည်။ သူကိုယ်တိုင်ရှာတွေ့ခဲ့တဲ့အချစ်ရေးတွေက ​ကံမကောင်းခဲ့တာမို့။ အိမ်ထောင်တစ်ခု မိသားစုတစ်စုကိုတည်ထောင်ပြီး မပိုင်ဆိုင်သင့်တဲ့သူကိုမေ့သင့်ပြီထင်တယ်။

ရက်အနည်းကြာမှာပဲ သူတို့ဆုံတွေ့ခဲ့ကြကာ တစ်လအလွန်မှာတော့စေ့စပ်ဖို့ဖြစ်လာခဲ့သည်။ ဖိတ်စာကတ်တွေလုပ်ကာ ရှယ်ယာဝင်တွေအကုန်လုံးကိုလည်းဖိတ်ကြားခဲ့သည်။...အင်း သူ့ကိုရောပဲ သူလည်းရှယ်ယာရှင်ပဲမို့ဖိတ်ကြားခဲ့ရသည်။

ငါတို့တွေထပ်မဆုံကြတော့ဘူး။ အဆိပ်သင့်နေတဲ့အချစ်တွေကြား အလွဲအမှားတွေနဲ့ငါတို့ကြား သိခဲ့တယ်ဆိုတဲ့အမှတ်တရတွေကလွဲလို့မရှိတော့ဘူး။ ငါတကယ်မေ့ဖို့ကြိုးစားလိုက်ပြီ။

shopping ထွက်လာခဲ့သည်။ ဘယ်သူမှမပါ တစ်ယောက်ထဲ။ နောက်ရက်မှာစေ့စပ်ရတော့မည်။ဘဝတွေဟာမြန်မြန်ဆန်ဆန်ပြောင်းလဲသွားပါလားဆို emotional ဖြစ်တတ်လွန်းတဲ့ကျွန်တော်က ကျွန့်တော့်အချစ်ကိုအစော်အကားမခံနိုင်ပါဘူး။ ခံစားချက်နဲ့ရေးထားတဲ့စာလေးတစ်ကြောင်းကအစ ကဗျာလေးတစ်ပုဒ်အဆုံး ဘာများအရေးပါလဲလို့မေးတိုင်းအသည်းတုန်ခါအောင်နာရပါတယ်။ စိတ်ခံစားချက်တွေဘယ်လိုထည့်ခဲ့ရလဲ...မသိဘဲနဲ့ဝေဖန်တာမျိုးကနာပစ်ဖို့ကောင်းနိုင်တာပဲလေ။

မချစ်ဖူးတဲ့သူတွေကမသိမှမသိကြပဲ....

ကားပါကင်ရောက်တော့ ကားမှန်တွေတင်ခံနီး သူ့ကားနားလူတစ်ယောက်ကလာရပ်သည်။ သေချာမကြည့်ရခင်မှာပဲ ကားထဲလက်ဝင်လာကာ ပုဝါနဲ့နှာခေါင်းကိုအုပ်ချတော့သည်။ ပြင်းရှရှအနံ့ရပြီးနောက် လူလည်းဘယ်လိုဖြစ်သွားမှန်းကိုမသိတော့။

🤎

မဖြစ်ပါဘူး ပိုင်ဆိုင်ရမှဖြစ်မှာ။ ငါကနေပါစေလို့လွှတ်ထားပေးတာတောင် စေ့စပ်ပွဲဖိတ်စာပေးပြီးသွေးတိုးစမ်းတယ်။ တွေ့ပြီပေါ့ဗျာ...

မေတ္တာငတ်ခဲ့ရတဲ့ကောင်မို့လို့လားမသိဘူး။ အစ်ကို့ဆီကချစ်ခြင်းမေတ္တာတွေကိုလိုချင်မိတယ်။ စိတ်နဲ့ဦးနှောက်ကိုအမြန်အလုပ်ပေးလိုက်ရင်း မီးသီးလေးလင်းလာသလိုလက်ခနဲအတွေး

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now