🤎2🤎

328 66 14
                                    

Unicode

"အညို.....ထယ်ယောင်း! !!. "

အညိုရောင်လို့ပဲဆက်ခေါ်လို့မဖြစ်။

"အာ...အကို အခန်းထဲမဝင်သေးဘူးလား"

"အင်း လူတစ်ယောက်ကိုစောင့်နေတာ"

"ဪ ခုထိမရောက်သေးဘူးလား"

"အင်း အခုလေးတင်ရောက်နေပြီ"

ဟိုဆော့ဟျောင်းသည် လိုက်မမှီသောစကားတွေအများကြီးကိုပြောသည်။ ထူးထူးဆန်းဆန်း အခေါ်အဝေါ်လေးနဲ့သူစသိရတာမို့ တစ်ခြားသူတွေထက်ထူးခြားစွာ အကိုဟိုဆော့အားခင်ချင်မိသည်။ ခုလည်းထူးထူးဆန်းဆန်းစကားတွေနဲ့

"ကျွန်တော်သွားလိုက်အုံးမယ် ဒီနေ့ကဆရာစောစောစာသင်မှာမို့လို့"

"အင်းအင်း "

အညိုရောင်ကောင်လေးကလေ မလည်မဝယ်ဖြစ်နေခဲ့တာလားမသိဘူး။ ကျွန်တော်ပြောတဲ့စကားတွေတိုင်းကိုနားမလည်သောပုံစံအမူအရာတွေနဲ့ပဲတုန့်ပြန်ပြီးဝေးဝေးကိုထွက်သွားတတ်တယ်။

🤎

"အဲ့တော့ဖွင့်ပြောလိုက်ပေါ့"

"ပြောချင်တာပေါ့ကွ ငါသဘောကျတာဖြင့်ဘယ်လောက်ကြာနေပြီလဲ သူနဲ့ငါကမနေ့ကမှစခင်တာလေ သူစိတ်ဆိုးသွားမှဖြင့်"

"အေး လုပ်ချင်ရာလုပ်ခဲ့တဲ့ကောင်က အခုမှ သူ့ဘက်ငါ့ဘက်ကြည့်နေလိုက် ဂျောင်ဟိုဆော့မပီသလိုက်တာကွာ"

လာပြန်ပြီနောက်တစ်ယောက် မနက်က နမ်ဂျွန်းကပြောတယ် အခုကျယွန်းဂီကပြောနေပြန်ပြီ

"နေစမ်းပါအုံး အမြဲတမ်းလိုလိုအိပ်ဖို့ပဲစဥ်းစားနေတဲ့သူကများ ခုမှာလာဝေဖန်နေတယ် သွားသွား ကင်နမ်ဂျွန်းနဲ့တူတူနေရမှာ မင်း! တကယ်ပဲပြောပုံဆိုပုံတွေကတစ်ပုံထဲ"

"သေလေ "

ပြောကာ စာအုပ်ပုံထဲခေါင်းထိုးအိပ်သွားပြန်ပြီ။ အနုပညာမေဂျာက လက်တွေ့ချိန်များပေမဲ့လည်း တစ်ခါတစ်လေကျ စာသင်ရတာလေးတွေလည်းရှိသေးသည်။ စာသင်ရတဲ့နေ့တိုင်းကလည်း မနက်ပိုင်းသာသင်ရပြီး နေ့လယ်ထမင်းစားချိန်ပြီးတာနဲ့အချိန်က လက်တွေ့လေ့ကျင့်ခန်းအချိန်သာ။ စာသင်တာကိုမသွားပဲ စာကြည့်တိုက်ထဲရောက်လာခဲ့ကြသည်။ ကိုယ်ကသာစာနည်းနည်းပါးပါးလုပ်သေးပေမဲ့ ဟိုမင်ယွန်းဂီကတော့ အားမနာလျှာမကျိုးအိပ်နေချေပြီ။ နမ်ဂျွန်းက​တေ့စာလုပ်နေမှာပေါ့။ တွေ့ရင်တော့အကျိန်းခံရမှာ။ အတန်းမတက်လို့......

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now