🤎15🤎[P-2]

281 50 11
                                    

Unicode

အမှောင်ကိုကြောက်တဲ့အချိန် အလင်းကိုတွေ့ရတဲ့ခံစားချက်က ဘဝတစ်ခုကိုဆက်လျှောက်ဖို့ခွန်အားပဲဆိုတာ နားလည်အောင်ဘယ်လိုပြောရမလဲ?

^^^^^^^^ Brown Tae

ဘာမှလည်းမစားဖြစ်ကြတော့။အစ်ကိုဟို​ဆော့ကအခန်းတံခါးကိုသော့ပိတ်ကာနေနေသည်မို့ သူဝင်အိပ်စရာအခန်းလည်းမရှိ။ အိမ်အိုပုလေး အိပ်ခန်းတစ်ခန်းရယ်ရေချိုးခန်းရယ် Toilet တစ်ခုရယ် ဧည့်ခန်းတစ်ခုရယ်မီးဖိုချောင်ရယ်အပြင်ကျန်တဲ့နေရာအပိုမရှိတော့။

အစ်ကိုဟိုဆော့သူ့ကိုအမြင်မကြည်နိုင်သေးသလို သွေးပူနေမှာကိုသိပါတယ်။ဒါ့ကြောင့်လည်းခုလောလောဆယ်လွှတ်ထားပေးရမယ်လို့တွေးရင်းပဲ ဧည့်ခန်းက လေးယောက်ဆန့်တဲ့ဆိုဖာပေါ်လှဲလိုက်တယ်။

အေးချမ်းတဲ့အညိုရောင်တွေကိုချစ်ခဲ့တာလား ပေါ့ပျက်ပျက်လို့ခေါ်မထိုက်တဲ့ပေါ့ပျက်ပျက်နဲ့ စာကလွဲပြီးကျန်တာသိပ်စိတ်မဝင်စားတဲ့ကိုယ် ဆိုတဲ့အညိုရောင်ကိုချစ်ခဲ့တာလား

ပညာတတ် လူတော်လူကောင်းအဖြစ်ပြန်လာခဲ့တဲ့သူဌေးကိုကျ အတ္တတွေမာနတွေဆိုတဲ့ခေါင်းစဥ်တွေနဲ့ ဖယ်ရှောင်ပစ်တယ်။ဒီလူပါပဲ.....စိတ်တွေကိုချစ်ခဲ့တာလားမသိ ဒီလူဟာပုံစံအပြင်စိတ်ပါပြောင်းသွားတော့ နေရောင်ခြည်နတ်သားလေးကမချစ်ချင်တော့ဘူးပဲ။

သိပ်ချစ်တတ်သွားတော့ အားလုံးသာလွန်အောင်ပြောင်းလဲခဲ့လိုက်ပေမယ့်လည်း လွဲမှားလွန်းတဲ့ပြောင်းလဲမှုမှာချစ်ခြင်းတရားနဲ့ပေါင်းစည်းခြင်းတို့ကလည်းထပ်လွဲရပြန်ပြီ။ ရသားပဲ ကံကြမ္မာကမပေါင်းခိုင်းရင် ကင်မ်ထယ်ယောင်းကတော့ပေါင်းအောင်လုပ်မှာပဲ။

ပြောခဲ့သလိုပဲ အညိုရောင်တုန်းကလို တိတ်တိတ်လေးပဲချစ်နေတော့မှာတော့မဟုတ်ဘူး။ ချစ်တတ်လွန်းတဲ့အပြင်အတ္တကြီးတဲ့အချစ်နဲ့ကင်မ်ထယ်ယောင်းမို့ နာကျင်စရာလေးတွေတော့ကြုံလာရနိုင်ပေမယ့် ရင်နာစရာဇာတ်လမ်းလေးကတစ်ခါကျပြန်တွေးတိုင်းပြုံးရတဲ့ပုံပြင်လေးဖြစ်ပါစေ။

🤎

ခံစားချက်ရှိခြင်းမရှိတော့ခြင်းကအချိန်တွေပေါ်မှာလည်းသက်ဆိုင်သွားနိုင်တယ် မုန်းသွားလို့ခံစားချက်မရှိခြင်း၊စိတ်နာသွားလို့ခံစားချက်မရှိခြင်းထပ် ဪ ငါတော့ဖြင့်မေ့လိုက်ပါတော့မယ်လို့တွေးပြီး လက်ရှိကိုဆက်မသယ်လာတော့တဲ့အတိတ်ကအချစ်မို့ ဘယ်လိုမှဆက်လက်ခံလို့မရတော့ဘူး။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now