🤎9🤎[P-2]

302 59 10
                                    

Unicode

"မတွေ့ရတာကြာတော့ကြည့်ကောင်းလာလိုက်တာ အစ်ကို"

ကြားလိုက်ရသောခပ်သြသြအသံကြောင့် လှည့်ကြည့်စရာမလိုခင်မှာတင် ရင်ထဲဒုန်းခနဲဒိုင်းခနဲဖြစ်သွားရသည်။ ပြန်မတွေ့ဖြစ်ကြတော့ဘူးထင်နေတာ။

ပြီးတော့ ဘယ်လိုပဲပြောပြော နောက်ဆုံးတွေ့ခဲ့တဲ့နေ့မှာ သူဖွင့်ပြောခဲ့တာလေ။ ရှက်သလိုလိုတော့ရှိမိတယ် ခုက အချစ်ဦးနဲ့ လက်ရှိအနာဂတ်လက်တွဲဖော်လေးကြား ဘယ်လိုဆက်ဆံရမည်ကိုမသိကာ မျက်နှာကလည်းလှည့်မကြည့်ခင်ပျက်ယွင်းလျက်....

တွဲထားသောလက်အစုံကိုလည်း ဟိုဆော့ဘက်မှအရင်ဖြုတ်ချလိုက်မိတော့သည်။

"ဪ ထယ်..ထယ်ယောင်းပဲ ပြန်လာပြီလား"

အံ့အံ့သြသြမျက်နှာလေးက ချစ်စရာလေးပါလားအစ်ကို။ ဒီလိုအမူအရာနဲ့ဆိုကျွန်တော်တော့ရူးမှာပဲ.....

"အင်း အပြီးပြန်လာတာ ပိုင်ဆိုင်သင့်တာတွေပိုင်ဆိုင်ရဖို့ပြန်လာရတာပေါ့"

ပိုင်ဆိုင်သင့်တာတွေပိုင်ဆိုင်ရဖို့.... ဒီစကားမှာတော့ ဟိုဆော့အဓိပ္ပါယ်မသိဘူး။ ဒီလုပ်ငန်းတွေဟာသူပဲပိုင်ဆိုင်ပြီးသားကို ဘာကိုထပ်ပိုင်ဆိုင်ချင်နေသေးတာလဲ...မသိဖူးကွာ ဒါသူ့အလုပ်။

"ဘေးကလူနဲ့မိတ်မဆက်ပေးတော့ဘူးလား"

အတွေးလွန်နေတော့ ထပ်မံ၍ခပ်သြသြအသံကထွက်လာပြန်သည်။ မင်းစကားပြောတဲ့အသံက ငါ့ရင်ထဲခုထိထိုးဖောက်နေတုန်းပဲလား။ တကယ်ပါပဲ ငါမေ့ပစ်နိုင်ခဲ့တာပဲကို....

မေ့ပစ်နိုင်ခြင်းနဲ့ ချစ်မိနိုင်ခြင်းတွေဟာ လားလားမှမဆိုင်သောစိတ္တဇနာမ်စားများ။ မေ့ခဲ့တာလေ မချစ်ခဲ့တော့တာမှမဟုတ်တာပဲ။ ဒါကို ကာယံကံရှင်က သိစိတ်ကရော မသိစိတ်ကပါမေ့ထားခဲ့ရုံပါပဲ....သူချစ်နေတုန်းဆိုတာ ခုသူဖြစ်နေတဲ့အမူအရာတွေက သက်သေပဲ။

"အင်း ဒါ ငါ့ကောင်မလေး ယူဆယ်ဝန်းတဲ့"

"အစ်ကိုက လူရွေးတော်သားပဲ မင်ဂလာပါ။ ကျွန်တော်က ကင်မ်ထယ်ယောင်း"

"ဟုတ် မင်ဂလာပါ "

ကျွန်တော့်မျက်နှာအမူအရာထိန်းမရဘူး။ ဘာလို့လဲ ကင်မ်ထယ်ယောင်းကသူ့ဘာသာလာတာလေ.... ဒါပေမယ့် ငါက ရည်းစားနောက်ကွယ်မှာ နောက်တစ်ယောက်ထားနေမိသလိုမျိုး မိသွားလို့ကြောက်နေမိတဲ့ပုံစံနဲ့

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now