🤎15🤎[P-1]

223 50 8
                                    

- ချစ်ခြင်းတရားဆိုတာ ကိုယ်ပေးချင်တဲ့ပုံစံအတိုင်းတစ်ဖက်သူအပေါ်မဖော်ပြတတ်ခဲ့ရင်၊ ဖော်ပြပုံမှားသွားခဲ့ရင် လွဲမှားတဲ့ဘဝတွေကြား ထပ်ကာထပ်ကာအလွဲတွေနဲ့ ကျောခိုင်းရတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားတတ်တယ် -

^^^^^^^^^^^^^^^^^Brown Tae

နိုးလာမိသည်။ ဘယ်အခန်းဆီရောက်နေခဲ့မှန်းမသိ။ မမြင်ဖူးတဲ့မျက်နှာကျက်၊မမြင်ဖူးတဲ့အခန်း၊ပြတင်းပေါက်နားပြေးကာကြည့်လိုက်တော့ နေဝင်နေတဲ့ဆည်းဆာနဲ့အတူ တောင်တန်းတွေလောက်သာမြင်ရတော့သည်။

မဟုတ်ဘူး အခုကဘယ်ရောက်နေတာလဲ?

ဦးနှောက်ကိုအမြန်အလုပ်ပေးလိုက်ရသည်။နောက်ဆုံး shopping ထွက်အပြီးနောက်ပိုင်းကိုဘာမှမမှတ်မိတော့။ပြန်ပေးဆွဲခံရသည်လား။ ဒုက္ခပါပဲကွာ!

အတွေးလွန်နေတာနောက်ကသစ်သားတံခါးလေးတွန်းဖွင့်ကာလူတစ်ယောက်ဝင်လာခဲ့တာတောင်မသိ။ ရုတ်တရက်ခြေသံကြားလို့လှည့်ကြည့်မယ်ဆိုတော့မှ ထိုလူကသူ့ကိုဖက်ကာ ပြတင်းပေါက်တွေဆီမျက်နှာမူလိုက်တော့သည်။

ရနေကြရနံ့ ဒါက....... အညိုရောင်လေးများလား။

"ကျွန်တော်ကမနှိုးလောက်သေးဘူးထင်နေတာ။ နှိုးနေပြီပဲ စားဖို့လုပ်ပေးထားတာမို့ရေချိုးပြီးရင်သွားစားကြရအောင်"

တကယ်ကိုခပ်သြသြအသံနဲ့ အညိုရောင်လေးပဲ

"ဖယ်စမ်း မင်းဖယ်"

ဖက်ထားသည်ကိုအတင်းခါထုတ်လိုက်သည်။ရမ်းလိုက်တဲ့ကိုယ့်လက်တွေကြောင့် အညိုရောင်ရဲ့ဘယ်နေရာကိုထိထိ။

"ငါ့ကိုမတရားခေါ်လာတာကို ငါကငြိမ်နေစရာလား။ မင်းကဘာမို့လို့လဲ ဘာလို့ခေါ်လာရတာလဲ!!!"

"ချစ်လို့လေ အစ်ကို့စာအုပ်ထဲကအတိုင်းတောစပ်မှာ အိမ်ဆောက်ပေးထားခဲ့တာကျွန်တော်တို့နေကြမယ်လေ။ ဘေးမှာ တောင်တွေဝိုင်းနေတာ အစ်ကိုသဘောကျတယ်မလား။ ဒီတိုင်းဆိုအစ်ကိုလက်မခံမှာဆိုးလို့ခေါ်လာခဲ့ရတာပါ ခုချစ်လို့ရပြီပဲစိတ်မဆိုးပါနဲ့နော်"

"မင်းကိုဘယ်သူကချစ်နေသေးလို့လဲ မင်းဆိုတဲ့ငါ့ရဲ့အညိုရောင်ကစာအုပ်ထဲမှာပဲကျန်ခဲ့ပြီ နှလုံးသားရဲ့ချောက်နက်ထဲမှာမင်းဆိုတာကိုပစ်ချလိုက်ပြီးတော့ မင်းကိုချစ်ခဲ့ဖူးရုံအသိဉာဏ်နဲ့ပဲထားလိုက်ပြီ ဘာကြောင့်ထပ်ချစ်စေချင်ရသေးတာလဲ ငါ့ဘဝမှာငါ့ကံနဲ့ငါမို့ချစ်ဖို့မတွေးတော့တာကြာပြီ ကင်ထယ်ယောင်း "

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now