🤎10🤎

237 52 6
                                    

Unicode

အုပ်မှိုင်းနေသောတိမ်ညိုရောင်တို့ဖြစ်ပေါ်ခြင်းသည်  အညိုရောင်အချစ်တို့ တစ်ဖန်ပြန်လည်စတင်ရာ.......🤎

"ကိုကို......"

တွေ့စရာရှိသည်ဟုချိန်းလာသော ချစ်သူကောင်မလေးကြောင့် ကော်ဖီဆိုင်ရဲ့ထောင့်တွင် လက်ဖက်ရည်သောက်ကာကျွန်တော်စောင့်နေခဲ့သည်။ ကော်ဖီခါးခါး ခုထိမသောက်နိုင်သေး။

"လာလေထိုင်......အရေးတကြီးဘာပြောစရာရှိလို့လဲငယ်"

"ငယ်တို့လမ်းခွဲကြရအောင် ကိုကို "

"ဟင်.....!"

"တောင်းပန်ပါတယ် "

အပြစ်သားလို ခေါင်းငုံ့ကာသူမကဆိုလာသည်။ ဘာဖြစ်လို့လဲ တွဲလာတဲ့တစ်လျှောက်ဒီ relationship ဟာ ရန်ဖြစ်ဖို့မပြောနဲ့စိတ်ဆိုးစိတ်ကောက်တောင်မရှိခဲ့။

လူကြီးလူကောင်းဆန်သူနှစ်ဦးရဲ့ relationship မို့အလျှော့ပေးကာ နားလည်မှုလည်းအပြည့်ရှိကြသည်။ခုက ချက်ချင်းကြီးဖြစ်ပျက်သွားတဲ့ကိစ္စမို့ ဟိုဆော့လည်းကြောင်အအ။

"ဘယ်လိုဖြစ်ရတာလဲငယ်ရယ် ကိုကိုဘာမှားလို့လဲ"

လက်ကလေးကိုဆုပ်ကိုင်ကာ သူမျက်နှာလေးအားသေချာလိုက်ကြည့်ရင်းမေးလိုက်သည်။ ကောင်မလေးဟာ အကြည့်တို့ကိုလည်းရှောင်နေပါသည်။

ထိုမြင်ကွင်းကိုကြည့်နေသူလေးမှာတော့ မျက်လုံးတို့ကမီးတွေတောက်နေသလိုတဟုန်းဟုန်း။ အကြည့်စူးစူးတို့ကိုနဂိုထဲကပိုင်ဆိုင်ထားသူမို့ ခုအခြေအနေဟာသူ့မျက်လုံးကိုဘယ်သူမှကြည့်ရဲမည်မဟုတ်။

မသောက်ဖူးတဲ့ကော်ဖီကို လက်တည့်စမ်းကာသောက်ချင်လာတာမို့ ဝင်ဝယ်ရင်း ထောင့်နားလေးက နေရောင်ခြည်နတ်သားလေးအားတွေ့ခဲ့ရသည်။ တိတ်တိတ်လေးခိုးကြည့်ဖို့ စားပွဲခုံတစ်နေရာယူလိုက်ရင်းမလှမ်းမကမ်းမှာကြည့်နေခဲ့မိသည်။

ဒါပေမယ့် ခုအခြေအနေကြီးက ရင်ဘတ်အောင့်လိုက်တာ အစ်ကိုက သူမဟုတ်တဲ့တစ်ခြားသူရဲ့လက်ကိုဆုပ်ကိုင်ထားတာပဲ။

"အိမ်ကမိဘတွေက သူတို့သူငယ်ချင်းရဲ့သားနဲ့စေ့စပ်ပေးတော့မယ်ကိုကို။ အစကငြင်းပေမယ့်မရဘူး မိဘမျက်နှာကိုအိုးမဲသုတ်တဲ့အလုပ်လည်းမလုပ်ချင်ဘူးကိုကို ရင့်ကျက်သူမို့ အချစ်ထပ် ကောင်းသောအနာဂတ်ကိုပဲရွေးချယ်ရလိမ့်မယ် ကိုကို"

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now