🤎12🤎

262 58 5
                                    

Unicode

ရုံးရောက်ရောက်ခြင်းစာရင်းဇယားတွေကိုလုပ်လျက် ရောက်နေသည့်ဧည့်သည်ကိုရုံးခန်းထဲလာခိုင်းလိုက်ရသည်။ ထိတ်ထိတ်ကြဲကုမ္ပဏီက သူဌေးအသစ်ဖြစ်တာမို့ လက်တွေ့ကွင်းဆင်းလေ့လာသလိုမျိုး ရှယ်ယာတွေနဲ့ပက်သက်ပြီးလာဆွေးနွေးတာဖြစ်နိုင်သည်။

ဒါမျိုးက သူဌေးအသစ်ဆိုပေမယ့် သင်ယူခဲ့တဲ့ပညာနဲ့ကျွမ်းကျင်မှုကိုလျှော့တွက်မရ အေးဆေးပေါ့ လုပ်သက်ကမင်းကဝါကြီးတယ်ဂျောင်ဟိုဆော့ အေးဆေး

ကျွီခနဲတံခါးဖွင့်သံနဲ့အတူ.... အညိုရောင်ကုတ်ရှည်နဲ့လူသား။ mask တပ်ထားပေမယ့် တစ်ခါကြည့်ရုံနဲ့ တစ်သက်မေ့ဖို့မဖြစ်နိုင်ခဲ့တဲ့မျက်ဝန်းတွေ မျက်တောင်လှလှတွေ ပြီးတော့ မူပိုင်အမှတ်အသား အညိုရောင်အဝတ်အစား...

တိုက်ဆိုင်တာမှဟုတ်ရဲ့လား အညိုရောင်လေးရယ်

မျက်နှာပျက်သွားသည်။ ကျွန်တော်ဝင်လာတာနဲ့ ရေစင်လေးကိုအေးမြတတ်သောမျက်နှာဟာပျက်ပျက်ယွင်းယွင်းပဲ ။

"ကျွန်တော်က ကင်မ််ထယ်ယောင်းပါ"

"သိပြီးသားကိုမိတ်ဆက်စရာမလိုဘူးထင်တယ် မင်းအလုပ်ကိစ္စနဲ့လာတာဟုတ်ရဲ့လား မဆီမဆိုင်တွေ ဖို့ဆိုခုထဲကပြန်လိုက်တော့"

ဟောဗျာ အလင်းရောင်လေးက စွာစိလေးလည်းဖြစ်သကိုး

"ကိုယ့်ကိုကိုသိပ်မထင်မကြီးပါနဲ့ ကျွန်တော်ကအလုပ်နဲ့လာတာမို့အလုပ်အရနှုတ်ဆက်တာ အစ်ကိုဟိုဆော့ကနည်းနည်း...personal နဲ့ အလုပ်ကိုရောထားသလိုပဲ"

"အဲ့တာငါ့ကိစ္စ မင်းကိစ္စမဟုတ်ဘူး"

"လုက်ဖော်ကိုင်ဖက်ကိုချေလိုက်တာ"

"အစထဲကဒီလိုပဲ!"

စိတ်ထဲကသာထယ်ယောင်းကြိတ်ရယ်နေလိုက်သည်။ စိတ်ဆိုးရင်တစ်မျိုးလေးဗျ! ဆက်မစတော့ပဲ လာရင်းအလုပ်ကိစ္စကိုသာဆက်ပြောရင်းဆွေးနွေးဖြစ်ခဲ့ကြတော့သည်။

အလကား! ဆွေးနွေးတာနည်းနည်း မိမိမျက်နှာကိုပဲ မမှုန်မသုန်ကြည့်နေတဲ့ အညိုရောင်ဝက်ဝံ!

စိတ်ထဲဒေါသပုန်ထနေသော ဟိုဆော့ ချစ်တယ်ဆိုပေမယ့်မခံနိုင်အောင်စနောက်လာတော့အမြင်ကကတ်ချင်လာပြီလေ။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now