🤎4🤎[P-1]

278 69 4
                                    

Unicode

"ခင်ဗျားကို အမေ့မျက်နှာနဲ့သည်းခံနေတာ ထိုးမိတော့မယ်နော်!!!!"

အကိုဟို​ဆော့နဲ့လျှောက်လည်ပြီးအပြန် မူးပြီးရစ်နေသောပထွေးသည်  ဧည့်ခန်းကပစ္စည်းတစ်ချို့အားရိုက်ခွဲထားသည်။ အမေသည်မလုပ်ဖို့တားနေရုံကလွဲ ကျန်တာဘာမှမလုပ်နိုင်ခဲ့။ လှေကားနားမှာသာရပ်နေသည်။

မဟုတ်သေးဘူးလေ။ သူများအိမ်ပေါ်မှာနေ သူများအမေကိုယူထားပြီး ခွေးသာသာလုပ်ရပ်ကိုလုပ်နေတာတော့မဟုတ်သေးပါဘူး။

သူသည် ထိုလူစိတ်မဲ့နေသောသူအား ထိုးလိုက်မိလေပြီ။ ခံလိုက်အဲ့မှာ

သုံးချက်လောက်ဆင့်ထိုးပြီးမှာတော့ အမေ့ဆီမှာအသံထွက်လာသည်။ သူ့ရဲ့အဖိုးတန်ယောကျာ်းအားကာကွယ်သောအသံသာ။

"ထယ်ယောင်းတော်တော့ အဲ့လိုရိုင်းဆိုင်းနေရလား သူကနင့်အဖေအရွယ်နော်"

"အဖေအရွယ်မို့လို့ပေါ့ နို့မို့ဆို သေအောင်လုပ်ပြီးနေလောက်ပြီ"

"အရိုင်းအဆိုင်းကောင်"

တစ်အိမ်လုံးကိုဖျတ်ဆီးနေတဲ့သူ့ယောကျာ်းကိုထိလို့ပါတယ်တဲ့လေ။ ကျွန်တော့်လို ငြိမ်မြဲငြိမ်နေတတ်သူဟာ အခုလိုထထိုးလိုက်ခြင်းသည် အရိုင်းအဆိုင်းဖြစ်သွားရသည်တဲ့လေ။အေးပေါ့လေ ပစ္စည်းတွေအား ချမ်းသာသူသူ့အမေအတွက်တော့ပြန်အစားထိုးရပြီး ချစ်လှစွာသောယောကျာ်းကတော့ပြန်အစားလို့မရလို့ဖြစ်မည်။ အဲ့မှာ ဖျတ်ဆီးသမျှအကုန်ငြိမ်ခံနေလိုက်။

သူလည်းစိတ်တိုစွာ ထိုမူး၍လှဲကျနေသောသူအား ခြေထောက်နဲ့တစ်ချက်ကန်လိုက်ကာ အမေ့ရဲ့ ကင်မ်ထယ်ယောင်း ဆိုတဲ့အသံကိုလျစ်လျုရှု၍အိမ်မှပြန်ထွက်လာခဲ့လိုက်သည်။ စိတ်ပျက်စရာ!

ဦးတည်ရာမဲ့နေခဲ့သည်။ အိမ်ကနေဒီလိုပြဿနာတက်၍ ဆင်းမလာဖူးသောအခါ ဘယ်ကိုသွားလို့သွားရမှန်းမသိတော့ပါ။ သိတဲ့မိတ်ဆွေတွေရဲ့အိမ်ကိုလည်းမသွားချင်သလို နေရာကိုလည်းမသိခဲ့။ သူငယ်ချင်းလည်းမရှိတဲ့သူအဖို့ ဘာများတတ်နိုင်မှာလဲ?

Phone contact မှာလည်းဘယ်သူ့ဖုန်းနံပတ်မှရှိမနေခဲ့။ ဟိုတယ်​ဖြစ်​ဖြစ် တည်းခိုခန်းမှာဖြစ်ဖြစ်တည်းဖို့လုပ်ပြန်တော့လည်း အိတ်ကပ်ထဲက ပိုက်ဆံမှာ အကြွေနည်းနည်းသာရှိတော့သည်။ ဘယ်လိုလုပ်ရပါ့? နေပါအုံး Phone contact ဆိုလို့ မနေ့ကမှလောလောလတ်လတ်မှတ်ထားလေသော အစ်ကိုဟိုဆော့ဖုန်းနံပတ်။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now