🤎11🤎[P-1]

241 56 13
                                    

Unicode

အိမ်မက်တွေကြောင့်သာ ပိုချစ်မိခဲ့တာဆိုရင်.....။

"အစ်ကိုနဲ့ကျွန်တော်ကချစ်သူတွေပဲ"

"အင်းလေ မင်းကိုငါချစ်တယ်"

တွဲထားသောလက်ကလေးကိုနမ်းရှိုက်လိုက်ကာ သူအဝေးကြီးဆီလှမ်းကြည့်နေမိသည်။

"ငါ့အဖေနဲ့အမေက မင်းနဲ့သဘောတူမှာမဟုတ်ဘူး"

"ဘာဖြစ်လဲ ကိုယ့်ကောင်လေးကိုတင်ကျွေးထားနိုင်ပါတယ်"

"မရိုမသေနဲ့"

အစ်ကိုက အဲ့လိုလေးပြောကာသူ့အားအလှပဆုံးသောအပြုံးနဲ့ပြုံးပြသည်။ ရင်ခုန်လိုက်တာ ဒါအိမ်မက်တွေမလား.....လန့်နိုးကြည့်ပေမယ့် ကျွန်တော့်မျက်လုံးထဲအပြုံးတွေနဲ့ကောင်လေးဟာရှိနေတုန်းပဲ ဒါဆိုအိမ်မက်မဟုတ်ဘူးလား....

"ဝုတ်! ဝုတ်!"

ခွေးဟောင်သံကြားတော့လန့်နိုးလာပြန်သည်။ ဟော ကျွန်တော်အိမ်မက်ထဲကိုတကယ်ရောက်နေခဲ့တာပဲ အိပ်ယာပေါ်ကထပြီး ပြတင်းပေါက်ကိုလှမ်းကြည့်တော့ အိမ်ကခွေးလေးက ခြံထဲကနေခြံပြင်ကဖြတ်သွားသူတွေအားဟောင်နေခြင်း။

နာရီကိုကြည့်လိုက်တော့ ဆယ့်နှစ်နာရီကျော်....အားးး ရင်တွေခုန်လိုက်တာ အစ်ကို့ရဲ့အပြုံးတွေက ဘာလို့အရမ်းလှနေရတာလဲ။ နိုင်ငံခြားမှာ အိမ်မက်တွေထဲခဏခဏလာလည်ထဲက ရင်ခုန်လိုက်ရတာ။ ရင်ခုန်လိုက်တိုင်းလည်းပြေးတွေ့ချင်မိတဲ့စိတ်ကတဖွားဖွား။

ခုရော....ခုကပြေးတွေ့လို့ရနေတာပဲလေ။

အဝတ်အစားထူတွေထပ်ဝတ်လိုက်ရင်း ခြံထဲပြေးဆင်းလာခဲ့သည်။ ဂိုဒေါင်ထဲကပြိုင်ဘီးစက်ဘီးလေးထုတ်ကာ မတူညီသောလမ်းတစ်ဖက်ဆီသို့ နင်းလာခဲ့လိုက်သည်။ ချစ်ရသူသည် ဆန့်ကျင်ဘက်တွင်နေထိုင်သည်ကိုး။

အပြုံးချိုချိုတွေကိုသဘောကျခဲ့တာ။ ရင်ထဲမကြည်မသာဖြစ်နေရင်တောင် အပြုံးချိုချိုလေးတွေမြင်ရင် စိတ်အေးသွားရတာ။ ဒါကိုလည်းဒီတိုင်းအကြည်ဓာတ်ဖြစ်နေတယ်လို့တွေးနေခဲ့တာ။ မဟုတ်ဘူး ကျွန်တော်မသိလိုက်ခင်အပြုံးချိုချိုလေးတွေမှာ ကျွန်တော်ခန္ဓာကိုယ်ကလွဲလို့ စိတ်ရောနှလုံးသားပါညှိတွယ်ခဲ့တာပဲ။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now