🤎8🤎(💔)

289 58 12
                                    

Unicode

ကျွန်တော်တို့ညီအစ်ကိုလိုတစ်ဖုံ သူငယ်ချင်းလိုတစ်ဖုံ ဆက်ဆံနေခဲ့ကြပြီး ကျွန်တော်ဟာနောက်ဆုံးနှစ် သူဟာတတိယနှစ်အထိရောက်လာခဲ့သည်။

ဘာတွေပြောင်းလဲသွားလဲ? အကုန်ပြောင်းလဲသွားတယ်။ အညိုရောင်လေးရဲ့ ဆံပင်ကောက်ကောက်လေးတို့ဟာ အညိုရောင်ဆံနွယ်လေးတွေနဲ့ ခေါင်းလုံးလုံးလေးဖြစ်လာခဲ့သည်။

ချစ်ဖို့ကောင်းတယ် အရင်ကလည်းချစ်ဖို့ကောင်းသလိုခုထိလည်းအသည်းတယားယားပဲ။ လူတစ်ယောက်ကိုချစ်မိပြီဆိုရင် သူ့ရဲ့အပြုအမူတိုင်းကိုငေးရခြင်းဟာ ဘာသာရပ်အသစ်သစ်တွေကိုလိုက်ကျက်မှတ်နေရသလို ရိုးသြားရတယ္မရွိခဲ့ဘူး။

လက်လေးထောက် မျက်တောင်လေးမခတ်ပဲ အကုန်ငေးကြည့်ချင်မိတယ်။ တကယ်လည်းငေးကြည့်နေမိခဲ့တယ်။ သူနဲ့စာအတူတူလုပ်မယ်ဆိုတဲ့အချိန်မှာ ကျွန်တော်ဟာ သိအောင်တစ်မျိုးမသိအောင်တစ်မျိုးငေးကြည့်နေခဲ့တယ်။ စာအုပ်လေးကိုထောင်ပြီး မျက်လုံးလေးတွေပဲပေါ်အောင်ခိုးကြည့်တယ်။ ငါစာလုပ်ပြီးပြီ မင်းကိုစောင့်ပေးမယ်ဆိုကာ စာကြည့်တိုက်ရဲ့ထောင့်ဆုံးစားပွဲခုံပေါ်မှမေးလေးထောက်ကာ သိအောင်လည်းကြည့်တယ်။

တကယ်ပြောရရင် အညိုရောင်လေးရော သူချစ်တာသိနိုင်လောက်လား။ သူ့ရဲ့အမူအရာတွေဟာ တစ်ခါတစ်လေသာမန်ထပ်လွန်ကဲနေတဲ့အချိန်တွေရှိတာမို့ အညိုရောင်လေးရောသိနေမလားပေါ့။

ဒီလိုနဲ့ကျွန်တော်ကျောင်းပြီးသွားခဲ့တယ်။ အညိုရောင်လေးဟာနောက်ဆုံးနှစ်ထိရောက်လာခဲ့ပြီး စာတွေဆက်ကြိုးစားကောင်းတုန်းပဲ။ အာရုံစိုက်ရတာများလာတော့ ခုနောက်ပိုင်းသူစာတွေလုပ်ရတိုင်း လေးထောင့်ဆန်ဆန်မျက်မှန်လေးလည်းတပ်ထားရတယ်။

ကိုယ်သည် dance class တွေတက်နေခဲ့သည်။ ဒါပေမယ့်လူတွေမသိသေးတာတွေဟာ ကျွန်တော်အနုပညာမေဂျာယူပြီး dance class တွေတက်နေပေမယ့် ရေရှည်အတွက်အလုပ်တာဝန်ဟာ အဖေ့ကုမ္ပဏီရဲ့ ရာထူးနေရာပဲဆိုတာ။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now