🤎11🤎[P-2]

231 55 10
                                    

Unicode

အရောင်တစ်ခုဟာ အချစ်တစ်ခုဖြစ်လိမ့်မယ်လို့မထင်ခဲ့ဘူး....

မီးရောင်လေး လင်းနေသေးတဲ့အခန်းလေးကိုမော့ကြည့်နေတုန်း နေရောင်ခြည်လေးဟာလည်းသူနဲ့တိုက်ဆိုင်စွာ ပြတင်းပေါက်ဆီထွက်လာကာ အမှတ်မထင်သူ့ကိုတွေ့သည်ထင်သည်။

ပြတင်းပေါက်ကိုပိတ်ချကာ လိုက်ကာကိုပါ ချသွားသေးသည်။ ဘာအပြစ်များရှိလို့ပါလဲ
မြင်ချင်လို့လာခဲ့တယ်ဆိုပေမယ့် မမြင်ရနိုင်တာသိပါတယ်။ တကယ်တမ်းမြင်ရတော့လည်းပျော်မယ်ကြံကာရှိသေး အရှောင်ကောင်းစွာလစ်ထွက်သွားသည်။ ကောင်းကင်ကိုမော့ကြည့်ရင်း ပါးချိုင့်ပိစိလေးပေါ်အောင်ပြုံးနေမယ့်မျက်နှာလေးကို လောဘတက်ပြီးမြင်မိချင်ရုံလေးကို......

ခဏကြာတော့မီးပါပိတ်ချသွားကာ သူ့အားလက်လျှော့ပြီးလာရာလမ်းအတိုင်းပြန်ဖို့ပြောနေသလို။ စက်ဘီးဒေါက်ဖြုတ်ကာ သက်ပြင်းချရင်း အိမ်သို့တပ်ခေါက်ပြန်ခဲ့ရတော့သည်။

အချစ်ကချစ်ရပြန်တော့လည်းခက်သား။ သူမချစ်တော့ငါချစ် ငါမချစ်နိုင်သေးတော့ သူကချစ်။

အခန်းမီးမှိတ်ပြီး လမ်းမီးတိုင်အောက်ကစက်ဘီးနဲ့ကောင်လေးကိုပြတင်းပေါက်နားကချောင်းကြည့်လိုက်သည်။ သက်ပြင်းတချချနဲ့ပြန်သွားတာမြင်ဖြစ်အောင်မြင်လိုက်သေးတာမို့ အသည်းကတယားယား။

အင်း ချစ်တာပေါ့ ကလေးဆန်ဆန်အညိုရောင်လေးကို မုန်းမရခဲ့ဘူး။ ဒါပေမယ့် သူများချစ်တာကိုထားခဲ့တာမို့ တစ်ယောက်ထဲစိတ်ကောက်ချင်နေခဲ့သေးတာ။ ဂျောင်ဟိုဆော့ဟာပျော့ညံ့နေတတ်တဲ့လူတစ်ယောက်တော့မဟုတ်ပေမယ့် အချစ်ကိစ္စမှာတော့ အရည်ဖျော်မယ့်သူဟာ အကြွင်းပါမချန်အောင်အရည်ဖျော်ပစ်နိုင်သည်မို့ လူကအရည်ပျော်။

အချစ်ဦးလေးဟာ နှလုံးသားလမ်းဆီလျှောက်လာခြင်းကိုဘာကြောင့်ပိတ်ပင်ထားရမလဲ။ ဒါပေမယ့် သူမူချင်ပါသေးသည်။ သူခံစားရတာမျိုးပြန်မခံစားစေချင်ပေမယ့် ကလိကလိလေးတော့ဖြစ်စေချင်ပါသေးသည်။

ကလိကလိဖြစ်အောင်ပဲလုပ်မလား။ သူကိုယ်တိုင်ပဲကလိကလိဖြစ်နေမလား အားလုံးဆက်လက်ကြည့်ရှုပါအုံး။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now