🤎4🤎[P-2]

262 65 19
                                    

Unicode

စက်ဘီးနဲ့အတူတူ အိမ်သို့ရောက်လာပြီး ခြံဝန်းလေးတစ်ခုဆီရောက်ရှိသွားသည်။ ဟိုဆော့တို့မိသားစုဟာ ပိုက်ဆံအတော်အသင့်ရှိပြီးချမ်းသာပေမယ့် ခြံဝန်းနဲ့အိမ်လုံးချင်းလေးမှာသာ မိသားစုပျော်ပျော်ရွှင်ရွှင်နေထိုင်ရဖို့ရည်ရွယ်ခဲ့သည်။ ရည်ရွယ်ခဲ့သလိုလည်းအမှန်တကယ်ပင်ဖြစ်ခဲ့ပါသည်။

အဖေသည် စီးပွားရေးလုပ်ငန်းလုပ်ကာ အမေသည် အိမ်မှုကိစ္စတွေလုပ်နေခဲ့သည်။သူသည်ကျောင်းသွားကျောင်းပြန် စာလုပ်ပြီး Crush လေးကိုပိုးပန်းရင်းသာအခြေကုန်နေခဲ့ရပါသေးသည်။ မလွယ်ကြောလေးပေါ့!

ထယ်ယောင်းသည် ဝင်ဖို့တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတာမို့ သူ့လက်အားဆွဲလိုက်သည်။ အေးစက်နေပါလား? ကြောက်လို့လား အေးနေသောရာသီဥတုကြောင့်လားတော့မသိပေမယ့် သူထိုလက်အားမြဲမြံစွာဆုပ်ကိုင်ရင်းအိမ်ထဲသို့ခေါ်လာမိသည်။

ဆောင်းတွင်းတောင်အရောင်မပြောင်းတဲ့ အညိုရောင်ဝက်ဝံလေးရေ။ ချက်ချင်းကြီး​တော့​အေးစက်ပြီးအရောင်ပြောင်းသွားလို့မဖြစ်ဘူးလေကွာ။ ငါပေးတဲ့အနွေးဓာတ်နဲ့ အညိုရောင်ဝက်ဝံနွေးနွေးလေးဆက်လုပ်နော်။

သူအားလက်ဆွဲ၍ခေါ်သွားသော အစ်ကိုဟို​ဆော့အားကြည့်ပြီးဘာပြောရမှန်းမသိ။ သူက ကိုယ်ကြောက်နေမှန်းသိလို့ ဒီလိုလုပ်ပေးတာဖြစ်လိမ့်မည်။ ဒါကိုပင်အဘယ်ကြောင့်နှလုံးခုန်သံတို့သည်မြန်နေရသနည်း?

ရူးနေသလားကင်မ်ထယ်ယောင်းရယ်။

ကိုယ့်ဘာသာ သာတွေးရင်း အိမ်ထဲသို့လိုက်လာလိုက်သည်။ သူ့လက်ကိုရစ်​သီလာတဲ့အကိုဟိုဆော့လက်နွေးနွေးတွေကလေ တကယ်နွေးထွေးစေပြန်တယ်။ အစ်ကိုဟို​ဆော့ဟာ ဆယ်နှစ်ရာသီပတ်လုံးအကောင်းဆုံးနတ်သားလေးဖြစ်လိမ့်မည်။

ရင်ပူနေချိန်အေးမြစေပြီး ချမ်းစိမ့်နေချိန်နွေးထွေးစေပြန်သည်။ တကယ်ပဲတန်ဖိုးရှိလိုက်တာ အစ်ကိုဟိုဆော့က။

"ဟယ် သားသူငယ်ချင်းလား?လာလာလာ"

ဟိုဆော့သည် လာလို့လက်ယက်ခေါ်တော့မှဆိုဖာပေါ်ဝင်ထိုင်တော့သည်။ အမေကိုတော့ ဟိုဆော့က

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Tempat cerita menjadi hidup. Temukan sekarang