🤎7🤎

209 56 12
                                    

Unicode

မတူညီတဲ့မိသားစုပုံစံ။
မတူညီတဲ့စိတ်။
မတူညီတဲ့သဘောတရားတွေနဲ့
မတူညီတဲ့ခံယူချက်တွေဟာ ကျွန်တော်လွယ်လွယ်တွေးခဲ့တာက ဒီလိုမတူညီမှုတွေနဲ့ဆိုပေါင်းစည်းလို့ရပါ့မလားပေါ့။

ဖေဖေ့ကိုမေးခဲ့တယ်။ မတူညီတာတွေရှိတဲ့လူနှစ်ဦးဟာ ပေါင်းဖက်နိုင်ပါ့မလားဆိုတာလေ။

အချစ်ကဆန်းကြယ်တယ်။ သား ဖေဖေနဲ့မေမေတုန်းကလည်း ဘာတစ်ခုမှတူညီနေတာမရှိဘူး။ ဖေဖေဟာသာမန်မိသားစုက တက္ကသိုလ်ကျောင်းသားလေးဖြစ်ပေမယ့် မင်းအမေကသူဌေးသမီးတဲ့။ချစ်သူတွေဖြစ်ခဲ့ကြပေမယ့် စိတ်ခြင်းလည်းမတူခဲ့သလို သဘောထားလည်းတိုက်ဆိုင်နေတာမဟုတ်ခဲ့ပါဘူးတဲ့။ အချစ်ကိုသိမြင်တဲ့အခါ မင်းအမေက အဖေ့နောက်ကောက်ကောက်ပါအောင်လိုက်လာခဲ့ပါသည်တဲ့လေ။

ပုံပြင်လေးကအရမ်းလှတယ်။ အတိတ်တစ်ခုဟာပုံပြင်လေးလိုပြောပြတော့နားထောင်ကောင်းလိုက်တာ။ မတူညီနိုင်တာတွေရှိနေလည်းပေါင်းဖက်နိုင်ကြတာပဲလား?ကျွန်တော်မသိခဲ့ဘူး။ ဒါဆို ကျွန်တော်လည်းကြိုးစားနိုင်သေးတာပဲ.....

အချစ်ဆိုတာ မတူညီတာတွေရှိလည်း ချစ်မိပြီဆိုကျွန်တော်တို့ညှိယူစရာကိုမလိုအောင်တူညီသွားတတ်ကြသည်။

"မိုးတွေရွာနေတာပဲ စိတ်ပျက်လိုက်တာ "

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု။ ဆောင်းရာသီနှင်းကျတာမဆန်းပေမယ့် မိုးရွာတာကတော့ဆန်းသွားချေပြီ။ စာသင်ဆောင်ရှေ့အမိုးနားလေးမှာ လက်ကိုဆန့်တန်းထုတ်လိုက်ရင်း မိုးရေစက်တို့ကိုလက်နဲ့ခံလိုက်သည်။

မနက်ကမှကျထားသောနှင်းခဲတို့သည်လည်း ခုကျ မိုးရေတွေကြောင့်ပျော်ကျကုန်ချေပြီ။

စိတ်ပျက်လက်ပျက်ဆောင့်ကြောင့်ထိုင်ချလိုက်မိသည်။ ထီးမှမပါတာ။ ဘယ်လိုပြန်ရမှာလဲ??

"အစ်ကိုဟိုဆော့"

ခေါ်သံခပ်သြသြလေးသည် ကြားဖူးနေကြအသံလေးမို့ ခေါင်းမော့ကာကြည့်လိုက်တော့ ထီးအညိုရောင်လေးနဲ့ အညိုရောင်ဝက်ဝံလေး။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now