🤎5🤎

268 69 13
                                    

Unicode

ကောင်းကင်ပြာကြီးကအရာအားလုံးကိုအုပ်စိုးထားနိုင်သလို အညိုရောင်ကမ္ဘာလေးထဲက ကျွန်တော့်ကိုလည်း အညိုရောင်လေးက သေချာစိုးမိုးထားနိုင်တယ်။ အချစ်ရယ်..... မျက်စိလည်လမ်းမှားလာတာမျိုးမဟုတ်ဘူးဆို ငါနာမကျင်အောင်ပြန်ချစ်လှည့်ပါ။

အရှေ့ကလှဲလျောင်းနေသောကျောပြင်ကြီးအားကြည့်ပြီးရေရွတ်မိလိုက်သည်။ ငါဖွင့်ပြောလိုက်ရင်ရော..... ဘယ်လိုထင်သွားနိုင်မလဲ? ငါဟာအစထဲကချစ်နေခဲ့ရသူပါလို့ပြောလိုက်ရင်ရော သူ့အားရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်ခြင်းဟုဆိုလေမလား???

ကျွန်တော်သည် တစ်ညလုံးဖွင့်ပြောဖို့အကြောင်းကိုစဥ်းစားနေမိပြီး ဒီလိုစိုးရိမ်စရာအတွေးတွေသာ အထပ်ထပ်ဝင်ခဲ့၍ အိပ်တောင်မပျော်ခဲ့ရပါ။ သွက်လက်ပေါ့ပါးတယ်ဆိုတဲ့နောက်မှာ ကျွန်တော်ဟာအချစ်နဲ့ပက်သက်လာရင် နှေးကွေးစွာအရှုံးကြီးရှုံးရသည်။ ဘာကြောင့်လဲ?

အချစ်ကြောင့်လေ~

အဖြေကရှင်းနေတာပဲ။ အညိုရောင်လေးပြောပြဖူးသော ချစ်ရင်ရူးရပြီပဲ ဆိုတဲ့စကား။ သိပ်မှန်တာပဲ သိပ်ကိုမှန်တယ်! တစ်ညလုံးအိပ်မပျော်ပဲ ရူးနှမ်းစွာဖြင့်ကျွန်တော်ဟာ ထပ်ကာထပ်ကာဒီအချစ်အကြောင်းပဲစဥ်းစားနေမိတယ်။ ရှေ့တိုးရမလား နောက်ဆုံးရမလား ဘာမှန်းမသိအောင်အတွေးတွေထဲရူးချာချာဖြစ်နေကာ လမ်းပျောက်နေသော အိမ်ပြန်ငှက်ငယ်လေးဖြစ်နေခဲ့တယ်။

ဒါပေမယ့် ပိုးဖလံတွေဟာမီးမှန်းသိရက်နဲ့တိုးဝင်တတ်သလို ကျွန်တော်သည်လည်း မပိုင်ဆိုင်ရမှန်းသိရက်နဲ့ချစ်နေမိပြန်သည်။ နာကျင်ရမယ်မှန်းသိရက်နဲ့ပေါ့။ ကျွန်တော်စစချစ်ခြင်းတုန်းကတော့မျှော်လင့်ချက်ရှိပါသေးတယ်။ ဒါပေမယ့် သူ့ကိုမိတ်ဆက်ပြီးစသိသွားချိန်မှာတော့ အညိုရောင်လေးဆီမှပြန်ချစ်ခံရဖို့ဟာတစ်ဖြေးဖြေးဝေးလာသည်။မျှော်လင့်ချက်မဲ့လာရသည်။

ကျောင်းပြီးအောင်တက်မယ့်ဆိုစကား အလုပ်တွေအခြေကျသွားမှအချစ်ရေးကြောင်းစဥ်းစားမယ်ဆိုတဲ့စကား အဲ့စကားတွေဟာ ကိုယ့်အားသိမ်ငယ်စေတာ အညိုရောင်လေးမသိပါ။ မသိတာပဲကောင်းပါတယ်လေ။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Wo Geschichten leben. Entdecke jetzt