Announcing The Trilogy (2)

3.8K 172 4
                                    

အရင်နှစ်က ကျွန်တော် Thriller ၃ ပုဒ်ရေးဖို့ ကြေညာခဲ့တာကို မှတ်မိကြလားမသိဘူးဗျ...

ဟုတ်ကဲ့ပါ...

၂၀၂၀ ဇွန်လ ၁၈ ရက်နေ့မှ စတင်ခဲ့တဲ့ Thriller ၃ ပုဒ်ထဲက ဒုတိယအပုဒ် A Moon shines in the world over yonder ကတော့ ၂၀၂၁ ဂျူလိုင် ၂၈ မှာပဲ တကယ် အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားခဲ့ပါပြီ..

ဖတ်တဲ့သူ အားလုံးလည်း သဘောကျမယ်လို့ ယုံကြည်ပါတယ်ဗျ..

အဲ့တော့ အခု တတိယတစ်ပုဒ်နဲ့ နောက်ဆုံး တစ်ပုဒ်ဖြစ်တဲ့ Thriller ဇာတ်လမ်းလေးကို မိတ်ဆက်ပေးချင်ပါတယ်နော်...

ဒီ ဇာတ်လမ်းလေးက တကယ်တော့ A moon shines in the world over yonder မစခင်ကတည်းက တစ်ဝက်တစ်ပျက် တွေးထားတဲ့ ဇာတ်လမ်း ဖြစ်ပြီး အခုမှ အကောင်အထည်ဖော်ဖြစ်တဲ့ ဇာတ်လမ်းပါ..

ဇာတ်လမ်းဟာ Fantasy/Sci-fi Thriller ဇာတ်လမ်းမျိုး ဖြစ်ပြီး သူ့ရဲ့ ရှေ့နှစ်ပုဒ်ဖြစ်တဲ့ When you fall in love with a law student ရဲ့ Crime Thriller နဲ့ A moon shines in the world over yonder ရဲ့ Horror Thriller တို့နဲ့ နည်းနည်းကွဲထွက်ပါတယ်..

အထင်ရှားဆုံးကတော့ နောက်ခံ အချိန်ပါဗျ.. ဒီ တတိယ ဇာတ်လမ်းလေးကို ၁၉၅၇ ခုနှစ် ရန်ကုန်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်.. ကျွန်တော့်အတွက်လည်း နည်းနည်း စိန်ခေါ်မှုရှိပါတယ်..

Fiction ဆိုတဲ့အတိုင်း ဇာတ်လမ်းထဲက အရာအားလုံးနဲ့ တကယ် အပြင်က ၁၉၅၇ ခုနှစ် ရန်ကုန်မြို့နဲ့ တူချင်မှ တူပါလိမ့်မယ်.. ဒါပေမဲ့ အတတ်နိုင်ဆုံး ဇာတ်ကို သယ်သွားနိုင်လောက်တဲ့ အငွေ့အသက်လေးရအောင်တော့ ဖန်တီးပေးထားပါတယ်..

ဒီ Fic ကိုတော့ ကျွန်တော် မ Light နဲ့ တူတူ တွဲပြီး ရေးဖို့ စီစဉ်ထားပါတယ်.. မ Light ကိုတော့ I can hear your voice လိုမျိုး Horror Type ရေးတတ်တဲ့ Author အဖြစ် အားလုံးသိကြမှာပါ..

အဲ့တော့... အခုမှ စတင်တဲ့ Fic လေးကို Ongoing လိုက်ချင်လည်း လိုက်လို့ရပါတယ်.. Conplete မှ ဆိုရင်တော့ ဘယ်လောက်စောင့်ရမလဲတော့ မပြောတတ်ဘူးဗျ.. ဒါပေမဲ့ အမြန်ဆုံး ပြီးအောင် ရေးပေးမှာပါ..

ဒီတော့ ဖတ်ရှုပေးကြပါဦးလို့ ပြောချင်ပါတယ်ဗျ...

https://www.wattpad.com/story/275982304?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=Hayden_duan&wp_originator=tGjP4i5tcKUUYVmons03YZBz0O7oARgo5OVZWVV60HFJMlUwbLArcg5sGD44oEh6tIdmswV47Xzetjxyb6AzRKM3KO0jA3E2w6qgkFUoi4U%2BzXxVUXP2ZP9H5nGLcx%2F8

When You Fall In Love With A Law Student [Completed]Where stories live. Discover now