Chapter 18 : Boss

11.8K 1.7K 23
                                    

ကျောင်းဆင်း​တော့ သူတို့ ​မေသဇင်​နဲ့ စကား​ပြောရန်​ သူ့အခန်း​ရှေ့က ​စောင့်​​နေကြသည်​..

မေသဇင်​က ခပ်​သုတ်​သုတ်​ပင်​ သူတို့ ဆီ ​လျှောက်​လာသည်​..

သူမ မျက်​လုံးက ငိုထားသည့်​ထင်​.. ​ဖောင်းမို့​နေ​လေသည်​..

သို့​ပေမယ့်​ သူမ မျက်​လုံးများသည်​ တည်​ငြိမ်​​နေ​လေသည်​.. ခဏကလို ​ကြောက်​လန့်​​နေ​သော မျက်​လုံးများလည်း မဟုတ်​​တော့​ပေ..

မေသဇင်​သည်​ သူတို့နှစ်​​ယောက်​ရှေ့သို့ ရပ်​၍ အားတင်းကာ ​ပြောသည်​..

"ယွန်းကို သတ်​တာ ကျွန်​မပဲ.. "

*****************************************

မေသဇင်​က တုန်​ရီ​နေ​သော နှုတ်​ခမ်းများကို သွားနှင့်​ ဖိကိုက်​လိုက်​ပြီး ​လေကို တစ်​ဝကြီး ရှူပစ်​လိုက်​သည်​..

"ကျွန်​မ ယွန်းကို ဖမ်းသွားတာ သိ​တော့ ကျွန်​မ ​ကျောင်းကို ​ပြေးလာခဲ့တယ်​..

ကျွန်​မ အရင်​ဆုံးသွားတာ ရှင်းသန့်​ကိုကိုဆီပဲ.. ဘာလို့လဲဆို​တော့ သူက ကျွန်​မ စကား​တွေကို သက်​​သေခံ​ပေးနိုင်​တဲ့သူ​လေ..

ဒါ​ပေမယ့်​ သူအ​ကြောက်​အကန်​ငြင်းတယ်​.. ကျွန်​မ ဘယ်​​လောက်​ ​ဒေါသထွက်​ရလဲဆိုတာ..
ယွန်းက ဘာအ​ကြောင်း​ကြောင့်​ အဲ့လို​ကောင်​နဲ့ အပြင်​သွားဖို့ ​ချိန်းလိုက်​ရတာလဲ..

ကျွန်​မ ယွန်းအခန်းထဲကို လာခဲ့တယ်..
ကျွန်​မ​တွေ့လိုက်​တာက စာတစ်​​စောင်​ပဲ.. သူ့ရဲ့ အိပ်​ရာ​ပေါ်တင်​ထားတာ.. ကျွန်​မ စာကို ​ကောက်​ဖတ်​ကြည့်​လိုက်​​တော့ ယွန်းခိုး​ပြေးဖို့ လုပ်​ထားတာ ကျွန်​မသိလိုက်​တယ်​..

အဲ့အချိန်​ ကျွန်​မရင်​ထဲ ဆူပွက်​လာတာက ​ဒေါသ​တွေပဲ.. ဒီလို သူ့ကို ထားပြီး ထွက်​​ပြေး​လောက်​တဲ့အထိ သရဲ​ဘော​ကြောင်​တဲ့သူကို ကျွန်​မထက်​ သူဘယ်​လို သ​ဘောနဲ့ ​ရွေးချယ်​လိုက်​သလဲ..
ကျွန်​မ သူ့​ဘေးမှာ​နေပြီး ကျွန်​တစ်​​ယောက်​လို ခစား ​ပေးဆပ်​ခဲ့ပြီးမှ ကျွန်​မရလိုက်​တာ သူ့ရဲ့ အသွားထက်​တဲ့ စကားကြမ်း​တွေနဲ့ ဒီလို အ​ဖြေပဲလား..

When You Fall In Love With A Law Student [Completed]Where stories live. Discover now