Chapter 38 : Falling

8.9K 1.3K 10
                                    

Zero ကုတင်​​ပေါ်၌ လဲ​လျောင်းလျက်​ရှိ​သော အ​လောင်းကို စိုက်​ကြည့်​​နေမိသည်​...

သူ Taxi ​မောင်းပြီး သာမန်​ဘဝကို ရ​အောင်​ကြိုးစား​နေခဲ့​သော ငါးနှစ်​အတွင်း ဒီ မိန်းမကို အကြိမ်​​ပေါင်းများစွာ တင်​ဖူးသည်​..

Dawn Club ဆို​သော ​နေရာမှ ထွက်​လာတာ အကြိမ်​​ပေါင်းများစွာ မြင်​ဖူးသည်​..

သူက လူစုလူ​ဝေး​တွေကို သ​ဘောမကျတာ​ကြောင့်​ လူကုံထံ တိတ်​ဆိတ်​တဲ့ ​နေရာ​တွေမှာပဲ ကျင်​လည်​ကာ Taxi ​မောင်းပါသည်​..

လူကုံထံဆိုတဲ့အတိုင်း သူတို့ ကိုယ်​ပိုင်​ကား​တွေနဲ့ သွားလာ​နေတတ်​ကြ​သော​ကြောင့်​ Taxi များမှာ သိပ်​ပြီး အလုပ်​မဖြစ်​..

သို့​သော်​ ထို လူကုံထံ ရပ်​ကွက်​တွင်​ ဖွင့်​ထား​သော Dawn ဆိုသည့်​ နာမည်​ကြီး လူကုံထံ Club ဝန်းကျင်​တွင်​​တော့ Taxi များ အလုပ်​ဖြစ်​​တာမို့ ထိုဘက်​ ​နေရာတစ်​ဝိုက်​တွင်​ သူ Taxi အကြာကြီး ဆွဲခဲ့သည်​..

သို့နှင့်​ သူ မိန်းမ​ပေါင်းများစွာ ထို Club တွင်းသို့ ဝင်​လိုက်​ ထွက်​လိုက်​ ​တွေ့ဖူးခဲ့ပါသည်​..

ထိုထဲမှ သူ စိတ်​ထဲ​တွေ့​သော မိန်းမများကို ​သေချာ​လေး စာရင်းလုပ်​ခဲ့သည်​..
သူ ​သေရ​တော့မည်​ဆိုလျှင်​ ​လောကမှာ ထားခဲ့ရန်​ မသင့်​​သော မိန်းမများ..

သူ ​နောက်​ဆုံး​တော့ သူ့စာရင်းအတိုင်း တဟ်​​ယောက်​ပြီးတစ်​​ယောက်​ ရှင်းပစ်​မည်​.. ပြီးလျှင်​ သူချစ်​ရတဲ့သူ.. ​နောက်​ဆုံး ပစ်​မှတ်​က​တော့ သူကိုယ်​တိုင်​ပင်​..

အားလုံးက အစကတည်းက ​မွေးလာဖို့ မသင့်​တဲ့သူ​တွေချည်းပဲ..

သူ ကုလားထိုင်​​ပေါ်မှ ထကာ တံခါးဆီသို့ ​လျှောက်​လာခဲ့သည်​..

ထို့​နောက်​ အခန်းတစ်​ခုလုံး ​ကြောက်​စရာ​ကောင်း​လောက်​​အောင်​ ပြန်​လည်​ တိတ်​ဆိတ်​သွားပါသည်​...

××××××××××××××××××××××××××××××××××××××

"Friendzone... "

"အင်း.. ဒီကားကို Trailer ကြည့်​ပြီးတာ ကြာပြီ ..

When You Fall In Love With A Law Student [Completed]Where stories live. Discover now