Chapter 34 : Giving takes nothing

9.4K 1.4K 17
                                    

ဒီ​နေ့ သူတို့ စခန်းတစ်​ခုလုံး အုပ်​​အော်​​သောင်းနင်း ဖြစ်​လျက်​ရှိသည်​..

"ကို စစ်​နိုင်း... အဆင်​သင့်​ဖြစ်​ပြီလား.. "

"​အေး.. ငါ လာပြီ.. "

သူ ​ပြော​ပြောဆိုဆို အစည်းအ​ဝေးခန်းထဲသို့ ကရိုက်​ကတိုက်​ ဝင်​သွားရသည်​..

"အခု အ​လောင်းက ရထားတဲ့ ​ဆေးစစ်​ချက်​နဲ့ သက်​​သေ​တွေအရ​တော့ ဒိ လူသတ်​မှုက လွန်​ခဲ့ ငါးနှစ်​က ကွင်းဆက်​ လူသတ်​မှုနဲ့ ပတ်​သတ်​နိုင်​ပါတယ်​.. "

သူ နာရီဝက်​​လောက်​ ​သေဆုံးသူတစ်​​ယောက်​ချင်းစီ၏ အ​ကြောင်းနှင့်​ ​သေဆုံးပုံ​တွေကို အာ​ပေါက်​မတတ်​​ပြောအပြီးမှာ သူ့တင်​ပြချက်​ကို အဆုံးသတ်​လိုက်​​လေသည်​..

အမှအတိုင်းဆိုရလျှင်​ ဤ စခန်းတွင်​ ဒီအမှုနဲ့ တိုက်​ရိုက်​ ပတ်​သက်​ပြီး စုံစမ်းခဲ့တာဆို၍ သူပဲ ရှိသည်​..

သူ့ရဲ့ ဆရာလည်းဆုံးပြီး ထိုစဉ်​က စခန်းမှူး ရဲမင်းကြီးအထိ နှုတ်​ထွက်​စာ တင်​ခဲ့ရ​ပေ​သော​ကြောင့်​ပင်​..

ထို့​ကြောင့်​ ဤ တင်​ပြချက်​ကို လည်းသူပဲ လုပ်​ရသည်​မှာမဆန်း..

"​ကောင်းပြီ.. ဒီအမှုအတွက်​ စုံစမ်းစစ်​​ဆေး​ရေး အသင်းတစ်​ခု ဖွဲ့​ပေးမယ်​..

အဲ့အသင်းကို​တော့ ​ကောင်းစစ်​နိုင်းက ဦး​ဆောင်​.. ပြီး​တော့ ဒီ ကွင်းဆက်​လူသတ်​မှုကိုပဲ အာရုံစိုက်​ပါ.. "

"ဟုတ်​.. "

ထိုစဉ်​ အစည်းအ​ဝေးခန်းမ တစ်​ခုလုံး မီးလင်းလာသည်​..
ထို့​နောက်​ ထိုင်​ခုံတွင်​ ထိုင်​​နေကြ​သော ဌာန အသီးသီးမှ တာဝန်​ရှိသူတို့ တစ်​​ယောက်​ပြီး တစ်​​ယောက်​ ထိသွား​လေသည်​..

သူတစ်​​ယောက်​တည်းေ​နရာတွင်​ ထိုင်​ကာ ​ခေါင်းစား​နေရသည်​..

အ​ကြောင်းရင်းမှာ မနက်​ဖြန်​ဆို သူ ​တောင်းဆိုထား​သော အမည်​မသိ အမျိုးသမီး အ​လောင်း၏ DNA ရ​ပေ​တော့မည်​..
သူ့အ​နေနဲ့ ဒီ အမှုကိုလည်းဘယ်​လိုဆက်​လုပ်​ရမည်​လဲ မသိ.. ​နောက်​တစ်​မှုက ​ပေါ်လာ​သော​ကြောင့်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now