Chapter 36 : Trauma

8.9K 1.3K 22
                                    

"​ရော့.. ဒီ​ရေ... ဒီ ကိုယ်​​ရေးမှတ်​တမ်းထဲက လူအ​ကြောင်း တတ်​နိုင်​သမျှ စုံစမ်းထား..

ကိုရဲမြင့်​က သူ့ရဲ့ အလုပ်​ကုမ္ပဏီကို လိုက်​ပြီး သူ့ရဲ့ လုပ်​​ဖော်​ကိုင်​ဖက်​ အလုပ်​ရှင်​နားက ရသမျှ သဲလွန်​စကို ဆွဲထုတ်​ခဲ့ပါ..

ကျွန်​​တော်​က သူ့ရဲ့ ​နေရပ်​လိပ်​စာအတိုင်းသွားကြည့်​မှာမို့.. "

စခန်းထဲ အ​လောတကြီး ​ပြေးဝင်​လာပြီး ဖိုင်​ကို​ပေးကာ တတွတ်​တွတ်​​ပြော​နေ​သော သူ့ကို အားလုံးက ​ကြောင်​​တောင်​​တောင်​ ​ငေးကြည့်​​နေ​လေသည်​ ..

"ဒါက ဘယ်​သူလဲ.. မျိုးမင်းသန့်​..ဆိုပဲ.. "

"ဒါက ကွင်းဆက်​လူသတ်​သမား ဖြစ်​နိုင်​​ချေရှိတယ်​..
ဘယ်​ကရလာလဲ မ​မေးနဲ့.. အချိန်​တန်​ရင်​ အကုန်​ရှင်းပြမယ်​..

ပြီး​တော့.. ချန်း.. မင်း ​ဖိုးပြည့်​ကို ​ခေါ်ပြီး မင်းတို့နှစ်​​ယောက်​ အခုပဲ Htike Luxury ကိုသွား.. ပြီးရင်​ သူတို့ရဲ့ CEO ကို ငါလွှတ်​လိုက်​တာလို့​ပြောလိုက်​..

ပြီးရင်​ သူ့ရဲ့ ​နောက်​ကို ၂၄ နာရီမကွာ ​စောင့်​ကြည့်​​ပေ​တော့.. ကားကို​တော့ ငါ စခန်းက ကားကို ​တောင်းထား​ပေးတယ်​.. ဟုတ်​ပြီလား.. "

သူ ​ပြောပြီးသည်​နှင့်​ ကားပါကင်​သို့ ပြန်​၍ ​ပြေးလာခဲ့သည်​..

ကောင်​​လေးက ကားထဲမှာ ထိုင်​​နေခဲ့သည်​မို့..
မကြာခင်​ကမှ လူသတ်​မှုကို အမြင်​ရထား​သော ​ကောင်​​လေးမှာ သိပ်​ပြီး မျက်​နှာ မ​ကောင်းလှ..

သူက ​ကောင်​​လေးကို တိုက်​ခန်းသို့ ​ပို့​ပေးခဲ့မည်​ဆို​တော့လည်း လက်​မခံ..
တစ်​​ယောက်​တည်း​နေမယ့်​အစား စုံ​ထောက်​ကြီး သွားရာ​နောက်​ပဲ လိုက်​​တော့မည်​ဟုဆိုကာ လိုက်​ခဲ့​လေသည်​..

သူ အခု ထို Zero ဆိုသည့်​ သူရဲ့ လိပ်​စာအတိုင်း သွားရမှာမို့ သူ ​ကောင်​​လေးကို တိုက်​ခန်းသို့ လိုက်​ပို့​ပေးချင်​သည်​..

သူကားထဲသို့ ဝင်​ကာ သူ့ရဲ့ ​ဘေးမှာ ထိုင်​​နေ​သော ​ကောင်​​လေးကို ​ပြောလိုက်​သည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now