Chapter 3 : Partnership

16.1K 2.2K 34
                                    

မင်္ဂလာပါ.. ကျွန်​​တော်​ ​ရောင်​​နေဦးပါ..

ကျွန်​​တော်​ လွန်​ခဲ့တဲ့ ​ငါးနှစ်​က စပြီး ရုတ်​တရက်​ ​ခေါင်း​တွေကိုက်​လာခဲ့တယ်​..
အဲ့အချိန်​တုန်းက ကျွန်​​တော့်​ရဲ အဖွား ​သေဆုံးမှုအတွက်​ စိတ်​ထဲ မခံမရပ်​နိုင်​ဖြစ်​တာ​ကော ဝမ်းနည်းတာ​ကော​ကြောင့်​ Stress များပြီး ဒီအတိုင်း ​ခေါင်းကိုက်​တာလို့ပဲ သိခဲ့တယ်​..

ဒါ​ပေမယ့်​ ကျွန်​​တော်​ အဲ့​နောက်​ပိုင်း မကြာခဏ ဆိုသလို အိမ်​မက်​ဆိုး​တွေ မက်​ခဲ့ပါတယ်​..
ကျွန်​တော့်​ အိမ်​မက်​ထဲမှာ လူ​တွေ ​သေတာကို ​တွေ့မြင်​​နေရတယ်​..
သာမန်​ ​သေတာမျိုးမဟုတ်​ဘဲ တစ်​​ယောက်​​ယောက်​ သတ်​လို့ ​သေတာမျိုး..

အဲ့လို အိမ်​မက်​မျိုး​တွေ မက်​တဲ့အခါ ကျွန်​​တော်​က ​ဘေးက ရပ်​ကြည့်​​နေတဲ့ မြင်​ကွင်းမျိုးနဲ့ မဟုတ်​ပါဘူး..
ကျွန်​​တော်​ကိုယ်​တိုင်​ ထို လူသတ်​သမား ဖြစ်​​နေတာပါပဲ..

ကျွန်​​တော်​ မက်​​နေတာက အဲ့ဒီလူသတ်​သမားရဲ့ မြင်​ကွင်းပါ..

ဒါ​ပေမယ့်​ ကျွန်​​တော်​ အဲ့အိမ်​မက်​​တွေကို ​ပေါ့​ပေါ့ပဲ ​တွေးခဲ့ပါတယ်​..
Stress များလို့ဆိုပြီး ​ဆေးပါ ​သောက်​​နေခဲ့တယ်​..

လွန်​ခဲ့တဲ့ ၃ နှစ်​​လောက်​စလို့ ကျွန်​​တော့်​အိမ်​မက်​​တွေဟာ အပြင်​လက်​​တွေ့မှာ ဖြစ်​ပျက်​​နေတာကို ကျွန်​​တော်​သိလာခဲ့တယ်​...

ဒါ​ပေမယ့်​ ကျွန်​​တော်​ ဘာတတ်​နိုင်​မှာလဲ..
ကျွန်​​တော်​ ဒီအတိုင်း လျစ်​လျူရှု​နေခဲ့ပါတယ်​..

လျစ်​လျူမရှုနိုင်​တဲ့ ​နေ့တစ်​​နေ့အထိ​ပေါ့..

*****************************************

"လာ ကျွန်​​တော့်​​နောက်​လိုက်​ခဲ့.. "

ထို​ကောင်​​လေး​နောက်​ လိုက်​သွားခဲ့မိသည်​..
သူဘာ အချက်​အလက်​​တွေ ရထားလဲဆိုတာ သိချင်​လို့ ဖြစ်​သည်​...

ထို​ကောင်​​လေးက သူ့ကို ​ခေါ်၍ ​ကော်​ဖီဆိုင်​တစ်​ဆိုင်​ထဲသို့ ဝင်​သွားသည်​..
ထို့​နောက်​ သူ့​ရှေ့မှ ​နေ၍ ​ထောင့်​က စားပွဲကို ​ရွေးလိုက်​ကာ ထိုင်​ချလိုက်​သည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now