Chapter 14 : The body

11.7K 1.8K 27
                                    

"စုံ​ထောက်​ကြီး..."

ကောင်​​လေးသည်​ သူ့ကို မြင်​​တော့ ဝမ်းသာအားရ လက်​ပြနှုတ်​ဆက်​​လေသည်​..

"မင်း စခန်းကို ဘာလာလုပ်​တာလဲ.."

"ဒီ​နေ့ ​နေ့လည်​ သံသယရှိသူ​တွေထဲက တရားခံကို ​ရွေးထုတ်​မယ်​မလား... အဲ့ဒါ ကျွန်​​တော်​ပါ ကြည့်​ချင်​လို့."

စစ်​နိုင်း နည်းနည်း​တော့ အံ့သြပါသည်​..
ကောင်​​လေးသည်​ အရင်​တုန်းက အပြင်​ဘက်​မှာ စုံစမ်းတာကို ကူညီခဲ့​ပေမယ့်​ ရဲစခန်း​ရောက်​သွားလျှင်​ မပတ်​သတ်​ချင်​​တော့သလို လွှတ်​​ပေးလိုက်​သည်​..
စခန်းထိ အခုလို လာစွက်​ဖက်​တာမျိုး တစ်​ခါမှ မရှိခဲ့​ပေ..

"ဒါနဲ့ ဘာလို့ မင်းက အခုမှ ကြည့်​ချင်​တာလဲ. အရင်​တုန်းက မင်း ရဲစခန်း​ရောက်​တဲ့အထိ မစပ်​စုဖူးပါဘူး.."

ကောင်​​လေးက သူ့ကို မျက်​နှာလွှကာ ပြန်​​ဖြေ​လေသည်​..

"ဒီတစ်​​ခေါက်​ အမှုကို ကျွန်​​တော့်​စိတ်​ထဲ မတင်​မကျ ဖြစ်​​နေတယ်​.. အရင်​တုန်းက​တော့ စိတ်​ချလက်​ချ ရဲ လက်​ထဲ အပ်​လိုက်​နိုင်​​ပေမယ့်​ .. ဒီတစ်​​ခေါက်​​တော့ ကျွန်​​တော်​ အဆုံးထိ သွားမှ ရမယ်​.."

ပြောရင်း သူ့ကို စိတ်​အားထက်​သန်​တဲ့ အကြည့်​မျိုးနဲ့ ကြည့်​လာသည်​..

"​ကောင်းပြီ​လေ.. ငါမင်းကို သက်​​သေလိုလို ဘာလိုလိုနဲ့ ​ခေါ်သွား​ပေးမယ်​.. ဟုတ်​ပြီလား.."

သူ ​ပြောလိုက်​သည်​.. ​ကောင်​​လေးက ဝမ်းသာလုံးစို့​နေဟန်​ဖြင့်​ ​ခေါင်းကို ညိတ်​ပြသည်​..

*****************************************

"ဟုတ်​တယ်​.. ညာဘက်​ဆုံး.. အနီနဲ့ တစ်​​ယောက်​.. "

"အင်း.. ​မောင်​ မိုးမြင့်​ထက်​.. အသက်​ ၂၆.. ဒါပဲလား.."

"ဟုတ်​.."

"​နောက်​တစ်​သုတ်​.."

နောက်​ထပ်​ တန်းစီထား​သော လူ ၄ ​ယောက်​ ဝင်​လာသည်​..

"ဘယ်​ဘက်​က စ​ရေရင်​ ၃ ​ယောက်​​မြောက်​.. "

"​မောင်​ သန့်​စင်​ထူး.. အသက်​ ၂၇ ..ပြီး​တော့​ကော..??"

When You Fall In Love With A Law Student [Completed]Where stories live. Discover now