Zero ရဲ့ Character

9.8K 1.2K 13
                                    

ဒါကို ​ရေးရမလား.. မ​ရေးရမလား မသိ​ပေမယ့်​.. ​ရေးလိုက်​ပါတယ်​. 😂😂

ဟိုးအ​ပေါ်က အပိုင်းကို ဖတ်​ပြီးရင်​ Zero က အရမ်း ဘဝနာခဲ့သူမှန်းသိသာပါတယ်​..

အဲ့​နောက်​ သူဟာ ကွင်းဆက်​လူသတ်​သမား ဖြစ်​လာတဲ့အပိုင်းကျ​တော့ သူဟာ လုံးဝ ခံစားချက်​မရှိတဲ့ ​ကြောက်​စရာ​ကောင်းပြီး ​စေ့စပ်​တဲ့ လူသတ်​သမား အဖြစ်​​ပြောင်းသွားပါတယ်​.. ဘယ်​သူ့ကိုမှ စာနာမှုမရှိ.. ​သွေး​အေး​အေးနဲ့ သတ်​တတ်​တဲ့ လူသတ်​သမားပါ..

ဒါ​ပေမယ့်​ ပြီးခဲ့တဲ့အပိုင်းမှာ​တော့ သူဟာ ထိုက်​​တော်​စင်​​ကြောင့်​ နာကျင်​ခဲ့ရတဲ့ ယုန်​သူငယ်​​လေးနဲ့ သနားစရာ ​ကောင်​​လေးအဖြစ်​ ​ပြောင်းသွားပါတယ်​..

ဖတ်​တဲ့လူ​တွေအ​နေနဲ့.. Zero ရဲ့ Character ဟာ လမ်း​ကြောင်း​ပေါ်က လွဲ​ချော်​သွားပြီလို့ ထင်​စရာ အ​ကြောင်းရှိပါတယ်​..

ဒါ​ကြောင့်​ ​ဖြေရှင်းချက်​​လေး ​ရေးလိုက်​တာပါ..

မလွဲပါဘူး.. ဒါက သူ့ရဲ့ Character ပါပဲ..

သူဟာ ငယ်​ဘဝထဲကရင်း နာကျဉ်းချက်​​တွေနဲ့ သူ့ရဲ့ ခံစားချက်​ အားလုံးကို သတ်​ပစ်​ခံခဲ့ရတာပါ..
ဒါ​ပေမယ့်​ ​ပြောထားသလိုပဲ.. သူ့ဘဝမှာ ချစ်​ရတဲ့ သူတစ်​​ယောက်​က ထိုက်​​တော်​စင်​..

ထိုက်​​တော်​စင်​က သူ့အတွက်​ အ​ရမ်းအ​ရေးပါတဲ့ လူတစ်​​ယောက်​ပါ..

ဘဝမှာ ပထမဆုံး သူငယ်​ချင်း. တစ်​ဦးတည်း​သော ချစ်​ရသူ. ပြီး​တော့ သူ့ကို ပထမဆုံးအကြိမ်​အ​နေနဲ့ ​ပျော်​ရွှင်​မှုဆိုတဲ့ ခံစားချက်​ကို ​ပေးသိခဲ့သူ.. စသဖြင့်​..
ဒါ​ကြောင့်​ သူဟာ သူ့ကို မထိခိုက်​​အောင်​ ကာဆီးထားတဲ့ အကာအရံ​တွေကို ဖြိုချပြီး ထိုက်​​တော်​စင်​ကို သူ့ရဲ့ ယုံယုံကြည်​ကြည်​နဲ့ သူ့ရဲ့ အားငယ်​တဲ့ အပိုင်း​တွေ ပြသခဲ့ပါတယ်​..

ကျွန်​​တော်​တို့လည်း သူ့လိုပါပဲ.. ကျွန်​​တော်​တို့အတွက်​ အ​ရေးမကြီးတဲ့သူ​တွေ ကိုယ့်​ကို ​နောက်​​ကျောပဲ ဓားထိုးထိုး .. ကျွန်​​တော်​တို့နဲ့ မ​ခေါ်မ​ပြောပဲ​နေ​နေ.. ကိုယ်​က သိပ်​ဂရုမစိုက်​မိ​ပေမယ့်​.. ကိုယ်​အတွက်​ အရမ်း အ​ရေးပါတဲ့သူ.. ကိုယ်​ချစ်​တဲ့သူက စကား​လေး တစ်​ခွန်း မဆင်​မခြင်​​ပြောမိလိုက်​တာနဲ့ ကမ္ဘာပျက်​သလို ခံစားရတာပါပဲ..

When You Fall In Love With A Law Student [Completed]Where stories live. Discover now