Chapter 19 : Romance starter pack

12.4K 1.7K 83
                                    

..... မြို့ကြီး၏ အဓိက မိန်း လမ်းမကြီး​ပေါ်တွင်​ ​နေ့စဉ်​ဓူဝ ကိစ္စများဖြင့်​ အလုပ်​များ​နေကြ​သော လူ​ပေါင်းများစွာတို့ ပျားပန်းတခတ်​မျှ ရှုပ်​ရှက်​ခပ်​​နေကြသည်​..

ထို လူအုပ်​ကြီးထဲတွင်​ အသက်​ ၂၇ နှစ်​အရွယ်​ တစ်​ကိုယ်​လုံး အမည်း​ရောင်​ ဝတ်​ထား​သော ရုပ်​ရည်​ ခပ်​သန့်​သန့်​ ​ယောကျာ်း​လေး တစ်​​ယောက်​မှာ တစ်​ခုခုကို အလိုမကျဟန်​ မျက်​ခုံးကို ကြုတ်​ထားလျက်​ရှိသည်​..

သူ့နာမည်​က Zero... ဘဝမှာ ဘာမှ မရှိတဲ့သူ.. လုံးဝ ဥသုန်​ သုည..

လူမုန်း​သော သူလုပ်​​နေရသည့်​အလုပ်​က Taxi driver..

နေ့စဉ်​ အ​ယောက်​ ၂၀ ထက်​ မနည်း​သော လူများနှင့်​ သူ ဆက်​ဆံ​နေရသည်​..

သူကား တစ်​ဘဝလုံး ကံ​ကောင်းခဲ့သူမဟုတ်​..
ငယ်​ကတည်းက အ​မေရဲ့ စွန့်​ပစ်​မှုကို ခံခဲ့ရ၍ မိဘမဲ့ဖြစ်​ခဲ့ရ​​သောသူ...

အ​မေရဲ့ အလုပ်​က လူ​တွေကို အထိအ​တွေ့နဲ့ ​ဖျော်​​ဖြေ​ပေးတဲ့... ဖာ

မွေးကတည်းက အ​ဖေက ဘယ်​သူမှန်းမသိ..
လူမှန်းသိတတ်​စ အရွယ်​မှာ အ​မေက သူ့ကို ​ဆောင်​ကြာမြိုင်​ကြီး တစ်​ခုမှာ ပစ်​ပြီး ထွက်​​ပြေးသွား​လေသည်​..
သူ ကြီးပြင်းရတဲ့​နေရာ ​ဆောင်​ကြာမြိုင်​ဟု ​ခေါ်လို့ရမည်​ထင်​သည်​... ဒါ​ပေမယ့်​ အပြင်​ပိုင်းက ကြည့်​ရင်​​တော့ Karaoke လိုလို Bar လိုလို​ပေါ့..ဘာပဲ ဖြစ်​ဖြစ်​ ဒီ အိမ်​က မိန်းက​လေးမှန်​သမျှ ​ကောင်းတဲ့ မိန်းက​လေး​တွေ​တော့ မဟုတ်​.. ​နေ့စဉ်​​နေ့တိုင်း ​ယောကျာ်း​ပေါင်းများစွာ ဝင်​လိုက်​ထွက်​လိုက်​ ပလူးပလဲ ​နေကြ​လေသည်​..

သူ ထို မြင်​ကွင်းကို ရွံပြီး မုန်း​လောက်​​အောင်​ ​နေ့စဉ်​ ကြည့်​​နေခဲ့ရပါသည်​.. အသက်​ ၈ နှစ်​အရွယ်​ သူ့အတွက်​ ဒီကိစ္စ​တွေသည်​ ဘာမှန်းမသိ​သေး​တော့ စစချင်း အဆင်​​ပြေခဲ့သည်​..

သို့​သော်​.. ဒါနဲ့တင်​ ပြီးသည်​ ထင်​ပါသလား..
ထို ​ဆောင်​ကြာမြိုင်​ အိမ်​ကြီးမှ ပြည့်​တန်​ဆာ​တွေထဲမ အကြီးဆုံး မိန်းမကြီးသည်​ ​ဒေါ်နှင်းဟု ​ခေါ်၍. သူမရဲ့ တစ်​ခုတည်း​သော ဝါသနာသည်​ နှိပ်​စက်​ခြင်းပင်​ ဖြစ်​သည်​..
တခြား ​ကောင်​မ​လေးကို​တော့ သူ ပိုက်​ဆံရှာ​နေရသည့်​ အသုံးချခံ​တွေ ဖြစ်​၍လား မသိ..လက်​နှင့်​ပင်​ မထိ​ပေ..
သို့​သော်​ သူတို့ဆီ ထမင်းကပ်​စား​နေရ​သော သူ့ကို​တော့ အလွတ်​မ​ပေးပါ..
သူကား ထို နှိပ်​စက်​ခြင်းများကို သိမ်းကျုံး ခံ​ပေးရမည့်​ အဓိက သား​ကောင်​ပင်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now