Chapter 21 : Liang Sin

11.5K 1.6K 22
                                    

သူမြင်​​နေရသည်​ကား... မျက်​ဖြူဆိုက်​​နေ​သော အမျိုးသမီးတစ်​ဦး..

အသက်​ကို ကြိုးစားရှူ​နေသည်​..

ထိုအမျိုးသမီး၏ မျက်​နှာသည်​ ထိုးနှက်​ခံထားသ​ည်မို့ ဖူး​ယောင်​​နေ​လေသည်​...
သို့​သော်​ သူ မြင်​​နေရသည်​က အရင်​က မြင်​ကွင်းမျိုးမဟုတ်​​ပေ..

သူ့အ​နေနဲ့ လူသတ်​ချင်​​သော စိတ်​ကို လုံးဝ အာရုံမရ..

အရင်​က မြင်​ကွင်းများသည်​ သူက လူသတ်​သမား​နေရာမှ မြင်​ရသည်​ဖြစ်​​သော​ကြောင့်​.. အနည်းဆုံး လူသတ်​ချင်​​သောစိတ်​.. ​ကြောက်​လန့်​​သောစိတ်​.. ​သွေး​အေးစွာ တည်​ငြိမ်​​နေ​သောစိတ်​.. သို့တည်းမဟုတ်​.. ​ဒေါသ.. ​နောင်​တ.. စသဖြင့်​ စိတ်​ခံစားချက်​အမျိုးမျိုးသည်​ သူ၏ ရင်​ထဲတွင်​ လှိုက်​​နေ​အောင်​ ခံစားရသည်​..

ယခု မြင်​ကွင်းတွင်​မူ မည်​သည့်​ခံစားချက်​မှ မခံစားရ.. လုံးဝ အရှင်းဖြစ်​​နေသည်​.. မည်​သို့မျှ လူသတ်​သမားနှင့်​ပတ်​သက်​၍ သဲလွန်​စမရ​ချေ..

တစ်​ခါတစ်​​လေ သူ လူသတ်​သမား၏ လက်​.. ​ခြေ​ထောက်​.. တစ်​ခါတစ်​​လေဆို မှန်​က​နေတဆင့်​​တောင်​ ရုပ်​ပါ ​မြင်​ရ​သော်​လည်း အခု​တော့ ဘာဆိုဘာမျှ သဲလွန်​စမရ..
ရှင်းရှင်း​ပြောလျှင်​ လူသတ်​သမား မရှိသည့်​ လူသတ်​မှုဟုပင်​ ထင်​စရာရှိရ​အောင်​ တိတ်​ဆိတ်​​နေသည်​..

သေ​အံ့ဆဲဆဲ မိန်းမသည်​ အတွင်းခံ အကျီင်္တစ်​ထည်​ဝတ်​ထားသည်​..
သူ့အ​နေနဲ့ ထိုမိန်းမ၏ မျက်​နှာနှင့်​ လည်​ပင်းသာသာ သာကိုသာ မြင်​ရပြီး တစ်​ကိုယ်​လုံး မမြင်​ရသည်​မို့ ​သေရခြင်းအ​ကြောင်းကိုမသိပါ..

သို့​သော်​ ထိမိန်းမ၏ မျက်​နှာတွင်​​တော့ မတရားခံစားရလွန်း၍ အရာအားလုံးကို ​လှောင်​ရယ်​​နေသာ .. သိပ်​သည်း​သော နာကျင်​မှုကို ​တွေ့မြင်​​နေရသည်​..

"ဗုန်း.. "

သူ တစ်​ကိုယ်​လုံး ကိုင်​ရိုက်​ခံလိုက်​ရသလို နာကျင်​သွားသည်​..

သူ မျက်​လုံးကို အားယူပြီး ဖွင့်​ကြည့်​လိုက်​​တော့ ကြမ်းပြင်​​ပေါ်​ရောက်​​နေသည်​..
ကြည့်​ရတာ ဆိုဖာ​ပေါ်က​နေ အိပ်​ရင်း ပြုတ်​ကျတာဖြစ်​မည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now