Chapter 20 : The Day

11.9K 1.7K 48
                                    

သူ ​သနပ်​ခါး ကွက်​ကျားနဲ့ ပိုးစားထား​သော သွားများကို ဖြီးကာ စင်​​ပေါ်တက်​ ဆုယူ​နေ​သော ​ကောင်​​လေးပုံကို သ​ဘောကျစွာ ထိုင်​ကြည့်​​နေမိသည်​...

ငရုတ်​သီးစာ နှစ်​ခါ မိသွားပြီး​နောက်​ ​ကောင်​​လေးက သူ့ကို ဘာအလုပ်​မှ မခိုင်း​တော့ပဲ ဧည့်​ခန်းသို့ ထိုးလွှတ်​လိုက်​​လေသည်​..
သူလည်း ​အေး​ဆေး ဆိုဖာ​ပေါ်ထိုင်​ကာ စားပွဲ​ပေါ်တွင်​ တင်​ထား​သော ဓာတ်​ပုံအယ်​လ်​ဘမ်​ ကို ပျင်းပျင်းနှင့်​ လှန်​​လှော ကြည့်​​နေမိသည်​..

ကောင်​​လေး ငယ်​ငယ်​​လေးက သူ့အ​ဖေ အ​မေ ​ပေါ်ထိုင်​​နေ​သော ပုံများ အဖွားနှင့်​ ရိုက်​ထား​သော ပုံများ.. ရှင်​ပြု တုန်းက ပုံများ ကို ကြည့်​​ကောင်း​ကောင်းနှင့်​ ထိုင်​ကြည့်​​နေမိသည်​..

ဘယ်​သူသိခဲ့မှာလဲ .. ဒီလို ငယ်​ငယ်​က အရမ်း ပြုံးခဲ့တဲ့ ​ကောင်​​လေး ခုလို ကြီးပြင်းလာမယ်​ဆိုတာ..

သူ ​ကောင်​​လေးရဲ့ မိသားစု ဓာတ်​ပုံကြည့်​မိတိုင်း ရင်​ထဲမှာ စိတ်​မ​ကောင်းဖြစ်​စိတ်​​လေး ခံစားမိသည်​.. သူက​တော့ မိစုံ ဖစုံနှင့်​ မိသားစုနှင့်​ ​နွေး​နွေး​ထွေး​ထွေး ကြီးပြင်းလာခဲ့ရပြီး ​ကောင်​​လေးကျ တစ်​​ယောက်​တည်း အထီးကျန်​စွာပဲ ကြီးပြင်းလာရသည်​..

"ဘာကြည့်​ပြီး ပြုံး​နေတာလဲ.. "

သူ့​နောက်​မှ ​မေးခွန်းကို ကြားလိုက်​ရ​တော့ သူ လန့်​ကာ တစ်​ကိုယ်​လုံး တွန့်​သွား​လေသည်​..

သူ ဘာမှ မတုံ့ပြန်​နိုင်​​သေးခင်​ ​ကောင်​​လေးက သူနားကို ရုတ်​တရက်​ ​ရောက်​ချလာကာ သူ့​ရှေ့က ဓာတ်​ပုံကို ကြည့်​​လေသည်​.
ထို့​နောက်​ ​ကောင်​​လေးတစ်​​ယောက်​ မျက်​နှာကြီး နီရဲသွားကာ သူ့ဆီက ဓာတ်​ပုံAlbum ကို ဆွဲယူ​လေသည်​..

"ဟာ... ဘာလို့ လိုက်​ကြည့်​​နေတာလဲ.. သူများငယ်​ငယ်​က တုံးလုံးပုံကို.. ဘယ်​သူ့ခွင့်​ပြုချက်​နဲ့ ကြည့်​ရတာလဲ.. "

"စားပွဲ​ပေါ်မှာ ​တွေ့လို ယူကြည့်​တာ​ပေါ့ကွ.. မကြည့်​​စေချင်​ရင်​ မတင်​ထားနဲ့​လေ.. "

When You Fall In Love With A Law Student [Completed]Where stories live. Discover now