Chapter 35 : The last target

8.9K 1.4K 5
                                    

"ထိုက်​... "

ထိုက်​​တော်​စင်အလုပ်​စားပွဲမှာ ထိုင်​​နေရင်းပင်​ ဟိန်းမင်းကို ​မော့ကြည့်​လိုက်​သည်​..

"မင်းကို ​ပြောစရာရှိတယ်​.. "

ဟိန်းမင်း သူ့ထဲသို့ ​လျှောက်​လာသည်​မို့ သူလည်း မတ်​တပ်​ရပ်​လိုက်​သည်​..

"ထားသက်​သဇင်​ ​သေပြီ.. "

ထိုက်​ ​ကြောင်​သွားသည်​.. ထားသက်​သဇင်​ဆိုတာ သူ ခဏ တွဲခဲ့တဲ့ ​ကောင်​မ​လေးမလား.. ဘယ်​လိုလို့ ​သေသွားရတာလဲ..

"ဘယ်​သူ.. ? ထားသက်​သဇင်​..?? ငါသိတဲ့ ထားသက်​သဇင်​လား..?? "

"​အေး.. ငါလည်း အခုမှ သိတာ.. "

"ဘယ်​လိုလုပ်​ ​သေသွားရတာလဲ.. "

"အသတ်​ခံရတာ.. "

ဟိန်းမင်းက ​ပြောရင်းပင်​ အသံက ​ဖျော့ပြီးဝင်​သွားသည်​..
သိတာ​ပေါ့.. နှစ်​​ယောက်​လုံး..

ဘယ်​သူ့​ကြောင့်​ဆိုတာ..

"သူလား ..??"

"​အေး.. ငါသိသ​လောက်​က အသတ်​ခံရတာ လွန်​ခဲ့တဲ့ ငါးနှစ်​ကအတိုင်း တစ်​ပုံစံတည်းပဲ.. "

လွန်​ခဲ့တဲ့ငါးနှစ်​ ..

သူ မျက်​လုံးကို တင်းတင်းပိတ်​မိသည်​..
ထို့​နောက်​ ဆိုဖာ​ပေါ်ထိုင်​ချကာ နားထင်​ကို လက်​နှင့်​ ကြမ်းကြမ်းတမ်တမ်းဖိမိသည်​..

အားလုံး ငါ့အပြစ်​​တွေပဲ..

ငါ့အပြစ်​​တွေ...

လွန်​ခဲ့တဲ့ ငါးနှစ်​က သူနှင့်​ Zero တို့ ကမ်း​ခြေကို ထွက်​​ပြေးခဲ့ကြသည်​..
ထိုစဉ်​က​တော့ သူတို့ နှစ်​​ယောက်​ ကမ်း​ခြေနားက အိမ်​​သေး​သေး​လေးမှာ ရှိတဲ့ပိုက်​ဆံနဲ့ ငှါးပြီး ရက်​အချို့ အချိန်​ဖြုန်းကြသည်​..

ထိုအချိန်​မှာပဲ ထိုက်​ ​ဆေးလိုလာခဲ့သည်​..
ဆေး...
သူမှ ​ဆေးမပြတ်​ခဲ့တာ..

အဲ့​နေ့ .. ကြာသပ​တေး​နေ့..

သူ Zero ကို ဘာမှ မ​ပြောပဲ ​ဆေးဝယ်​ဖို့ မြို့ကို တစ်​​ယောက်​တည်း ပြန်​လာခဲ့သည်​​လေ..

When You Fall In Love With A Law Student [Completed]Where stories live. Discover now