Chapter 27 : The murderer

10K 1.8K 29
                                    

စစ်​နိုင်း အငြိမ်​မ​နေနိုင်​​ပေ..

သူတို့ထိုင်​​သောင့်​​နေခဲ့ရ​သော မန်​​နေဂျာသည်​ CEO ဆိုသူ​နောက်​ တ​ကောက်​​ကောက်​ပါ​အောင်​လိုက်​သွားသည်​မို့ သူ အ​ပြေးသွားကာ ​အော်​​ခေါ်​တော့သည်​...

"​ဟေး.... မန်​​နေဂျာ.. "

သူ့ ​အော်​​ခေါ်သံ​နောက်​တွင်​ မန်​​နေဂျာဆိုသူပါမက.. CEO ဆိုနှင့််​ သူ့​ဘေးနားက ​ယောကျာ်းတစ်​​ယောက်​ပါ လှည့်​ကြည့်​လာကြ​လေသည်​..

" ​မင်္ဂလာပါ.. ကျွန်​​တော်​က ___ စခန်း.. လူသတ်​မှုနဲ့ အကြမ်းဖက်​မှု စုံစမ်းစစ်ေ​ရေး ဋ္ဌာနက စုံ​ထောက်​ ​ကောင်းစစ်​နိုင်းပါ... "

သူ့ရဲ့ မိတ်​ဆက်​စကားအဆုံး​တွင်​ CEO ဆိုသူရဲ့ မျက်​လုံး တစ်​ချက်​​မှေးသွားသည်​ကို သူသတိထားမိလိုက်​သည်​...

ထို့​နောက်​ သူ့ဆီမှ မျက်​စိလွှဲကာ ​ကောင်​​လေးဆီသို့ အကြည့်​​ရောက်​သွား​လေသည်​..

"သူက​တော့ အခုမှ အလုပ်​သင်​ ပါ.. "

သူ ဝင်​ကာ မိတ်​ဆက်​​ပေးလိုက်​သည်​.. သူ့စကားကိုကြား​တော့ သူ့ကို ပြန်​ကြည့်​​လေသည်​..

"ကျွန်​​တော်​ ဘာများကူညီ​ပေးရမလဲခင်​ဗျ.. ကို​ကောင်းစစ်​နိုင်း.. အလုပ်​ရှုပ်​ပြီး ရုတ်​ရုတ်​သဲသဲ ဖြစ်​သွားတာကို ​တောင်းပန်​ပါတယ်​.. ကျွန်​​တော်​တို့ ​အေး​ဆေး ထိုင်​ပြီး ​ပြောရ​အောင်​.. "
မန်​​နေဂျာဆိုသူက ကြားဖြတ်​၍ သူတို့ကို ​ခေါ်ထုတ်​​လေသည်​...

ထိုအခါ CEO ဆိုသူက လက်​ကာပြပြီး ​ပြောသည်​..

"ဟုတ်​ကဲ့ စုံ​ထောက်​ကြီး.. ကျွန်​​တော်​တို့ဘက်​က ဘာကူညီ​ပေးရမလဲခင်​ဗျ.. "

"ဟုတ်​ကဲ့ပါ.. မကြာခင်​က ကျွန်​​တော်​တို့ အသတ်​ခံထားရတဲ့ အသက်​ ၂၀ ​ကျော်​ မိန်းက​လေး အ​လောင်းတစ်​​လောင်း​တွေ့ခဲ့ရပါတယ်​.. ဒါ​ပေမယ့်​ သူမနဲ့ပတ်​သတ်​ပြီး ဘာသဲလွန်​စမှ ရှာမရ​​အောင်​ သန့်​ရှင်းလွန်း​နေတယ်​... တစ်​ခုကလွဲလို့​ပေါ့..

သူမမှာ ခင်​ဗျားတို့ ဟိုတယ်​ရဲ့ ညအိပ်​ဝတ်​အကျီင်္ကို ဝတ်​ထားတယ်​.. အဲ့အဓိပ္ပါယ်​က သူမက ခင်​ဗျားတို့ ဟိုတယ်​ရဲ့ ဧည့်​သည်​တစ်​​ယောက်​ပဲ..

When You Fall In Love With A Law Student [Completed]Where stories live. Discover now