Chapter 5 : Getting want to know more !!

13.9K 2K 7
                                    

"ဟုတ်​တယ်​... သူ့အဆက်​​ဟောင်းနဲ့ သူ့​ယောကျာ်းမသိ​အောင်​ စာ​တွေ အပြန်​အလှန်​​ပေး​နေကြတာပဲ..."

ထိုအခါ ​ကောင်​​လေးက အစ်​မကို ဝင်​​မေးလိုက်​သည်​..

"အစ်​မက ဘယ်​လိုသိတာလဲဟင်​.. "

အစ်​မက ပြင်​ထား​သော ဝမ်းတို့ဟူး နှစ်​ပန်းကန်​ကို ချ​ပေးကာ.. မုန်​ညင်းချဉ်​ခွက်​ ပြင်​​နေရင်း ပြန်​​ဖြေသည်​..

"အစ်​မတို့ ဆိုင်​ဆီ တစ်​​ခေါက်​က လာစားတယ်​​လေ.. အဲ့မှာပဲသူ​ပြောတာကြားတာ.. ဟို သုတကို​လေ.. သူ့ရဲ့စာကို ကို​အေး​မောင်​ကို ​သေချာ​​ပေးပါ.. သူမဟုတ်​ရင်​ ဘယ်​သူ့လက်​ထဲကိုမှ ထည့်​မ​ပေးနဲ့.. ကို​အေး​မောင်​ရဲ့ လက်​ထဲကိုပဲ ​သေချာ ထည့်​​ပေးပါတဲ့..
အေး​မောင်​ဆိုတာ သူ ကြည်​မင်းနဲ့ လက်​မထပ်​ခင်​က သူ့ချစ်​သူပဲ.. ကျွန်​မနဲ့ ပိုးကြည်​ဖြူက သူငယ်​ချင်း​တွေဆို​တော့ သိတာ​ပေါ့..
သူက ​အေး​မောင်​ကို အရမ်းချစ်​ခဲ့တာ... လက်​ထပ်​ဖို့အထိ ရည်​ရွယ်​ထားပြီးမှ ​အေး​မောင်​က ​ရွှေတွင်းသွားလုပ်​တယ်​..
အဲ့ကြားမှာ သူ ကြည်​မင်းက ပိုးကြည်​ဖြူကို ကားတင်​ခိုး​ပြေးသွားတာပဲ..

အခု​တော့ ​အေး​မောင်​လည်း ပြန်​လာပြီ.. ကြည်​မင်းကလည်း တစ်​​နေ့တစ်​​နေ့ မူးရူး​နေ​သော ပြန်​တွဲကြတာ ​နေမှာ​ပေါ့.. "

"​အေး​မောင်​ဆိုတာက ဒီရပ်​ကွက်​ထဲမှာပဲ ​နေတာလား အစ်​မ.. "

ရောင်​​နေဦးက ဝမ်းတို့ဟူး​ပျော့ကို ပါးစပ်​ထဲ သွင်းလိုက်​ရင်း ​မေးလိုက်​သည်​...

"ဟုတ်​တယ်​.. ဟို နှစ်​လမ်း​ကျော်​​လေးပဲ.. "

စစ်​နိုင်းက ဝင်​​မေးလိုက်​သည်​..

"အစ်​မ.. အရင်​တစ်​ခါက သူ လမ်းထိပ်​က နည်းနည်းအ​နေတဲ့ ​ကောင်​​လေးနဲ့ ဒီကို လာစား​သေးတယ်​ဆို.. "

ဆိုင်​ရှင်​အစ်​မ ထိုင်​ခုံ​ပေါ်ထိုင်​ချလိုက်​ကာ ပြန်​​ဖြေသည်​..

"အင်း​လေ.. ကျွန်​မ ခဏက​ပြောတာ အဲ့တာပဲ.. သူနဲ့ ​အေး​မောင်​ရဲ့ စာကို အပို့အပြန်​ ​လုပ်​​ပေးရတဲ့ အဲ့​ကောင်​​လေးပဲ​ပေါ့.. သုတ.. "

When You Fall In Love With A Law Student [Completed]Where stories live. Discover now