Part 2 ; Chapter 8 : A dead Girl

13.8K 1.9K 53
                                    

ကျွန်​​တော်​ ​တောကြီးမျက်​မည်းထဲ ရုတ်​တရက်​​ရောက်​သွားသည်​..

ကျွန်​​တော်​မြင်​ကွင်းတွင်​ ​ဂေါ်ပြားတစ်​လက်​ရှိသည်​..
မြေကြီး ကျွင်းတူးပြီးသား တစ်​ကျွင်းရှိသည်​..

ထို့​နောက်​ ​ဘေးက မိုးကာ​ပေါ်တွင်​လှဲ​နေ​သော ​အ​လောင်းကို ​ပွေ့ချီလိုက်​သည်​.. ​အ​လောင်းမှာ ဆယ်​​ကျော်​သက်​အရွယ်​ မိန်းက​လေး တစ်​​​ယောက်​... မျက်​နှာမှာ ဓားဒဏ်​ရာ​တွေ မွှန်းခံထားရသည်​...

အသက်​ရှိ​နေ​သေးတယ်​..
ပွေ့ချီလိုက်​​တော့ ထို ​မိန်းက​လေး၏၏ အသက်​ရှူသံ ​မြှေး​မြှေး​လေးကို ခံစားလိုက်​ရသည်​.

ထို့​နောက်​ ထို မိန်းက​လေးကို ​မြေကျွင်းထဲသို့ ​ကောက်​ထည့်​လိုက်​သည်​..
ပြီးလျှင်​ ​မြေကြီးနှင့်​ လှမ်းဖို့​နေ​လေသည်​...

သူ ရုတ်​တရက်​ အိမ်​မက်​မှ လန့်​နိုးလာသည်​..
နာရီကြည့်​လိုက်​​တော့ ၁ နာရီ ၄၇ မိနစ်​..

သူ သက်​ပြင်းချလိုက်​သည်​....
လူတစ်​​ယောက်​ ​သေပြန်​ပြီ...

သူ့အ​နေနှင့်​ ဒီလို လူ​တွေ ​သေ​နေတာကိုမြင်​ရတာ လက်​​ဆောင်​ဟု သတ်​မှတ်​ပြီး စိတ်​​ဖြေထား​သော်​လည်း တကယ်​​တော့ ကျိန်​စာနှင့်​ ပို၍ အလားတူပါသည်​..
လောကကြီးမှာ လူ​တွေ ​နေ့တိုင်း ​သေ​နေကြတာ အမှန်​တရား ဖြစ်​​သော်​လည်း ဘယ်​သူမှ ထိုသ​ဘောတရားကို ​နေ့တိုင်း ​တွေးမ​နေချင်​ပါ​ပေ..

မေ့ထားကာ အသက်​ရှင်​​နေတဲ့ အချိန်​​လေးကို စိတ်​ချမ်းချမ်းသာသာဖြင့်​သာ ဖြတ်​သန်းသွားချင်​ကြသည်​..

သူ့မှာ​တော့ ထိုသ​ဘောတရားကို မ​မေ့နိုင်​.. အိမ်​မက်​ထဲက​နေ လူ​တွေ ​သေ​နေတာကို မြင်​​တွေ့ ​နေရ​သော​ကြောင့်​ ဖြစ်​သည်​...
မကယ်​နိုင်​တဲ့ လူများဖြစ်​​နေ​သော​ကြောင့်​ ပို စိတ်​ဒုက္ခ​ရောက်​ရသည်​..
သူ မက်​တဲ့အိမ်​မက်​အရဆိုလျှင်​ အသက်​ ၁၈ ပင်​မပြည့်​​လောက်​​သေးသည့်​ ဆယ်​​ကျော်​သက်​ ​ကောင်​မ​လေး..

ကြည့်​ရတာ အထက်​တန်း​ကျောင်းသူ ဖြစ်​မည်​..
Uniform ဝတ်​ထားသည်​​လေ..
သို့ ​ပေမယ့်​ Uniform ပုံစံက အဖြူအစိမ်း မဟုတ်​ပဲ အ​ပေါ်အကျီင်္က အဖြူ ​အောက်​က စကတ်​က အပြာဖြစ်​ကာ လည်​ပင်းတွင်​လည်း Necktie ​လေး ပါသည်​မို့ Private ​ကျောင်းတစ်​​ကျောင်းမှာ ဖြစ်​ပါလိမ့်​မည်​...

When You Fall In Love With A Law Student [Completed]Where stories live. Discover now