Chapter 26 : CEO

10.3K 1.5K 4
                                    

သူတို့ ထိုည ​နောက်​ကျမှ အိမ်​ပြန်​ခဲ့ကြ​လေသည်​..

ကောင်​​လေးရဲ့ အိ​မ်မှာ နည်းနည်း ​ချောင်​ကျသည့်​အပြင်​ နည်းနည်း လှမ်းတာမို့ ည နက်​ပြီမို့ သူ့ရဲ့ တိုက်​ခန်းဆီသို့ပဲ ပြန်​ခဲ့ကြသည်​..

"ဝင်​​.. ​ချာတိတ်​. "

သူ​ပြောလိုက်​သည့်​အချိန်​တွင်​ ​ကောင်​​လေးမှာ ဖိနပ်​ပင်​ ချွတ်​ပြီး​နေ​လေပြီ..
အေး​လေ.. ဒီအိမ်​က သူ့အိမ်​သူ့ရာလို့ ဖြစ်​​နေပြီပဲကို..

ကောင်​​လေးက ဖိနပ်​ချွတ်​ပြီးသည်​နှင့်​ ဧည်​ခန်းက ဆိုဖာ​ပေါ်သို့ ​ခြေပစ်​လက်​ပစ်​ ထိုင်​ချလိုက်​​လေသည်​..

"အား... ဗိုက်​လည်း အစ်​တယ်​.. ​ညောင်းလည်း​ညောင်းတယ်​.. "

"ချာတိတ်​.. မင်း အစာ​ကြေ​ဆေး ​သောက်​ဦးမလား.. မင်​စားထားတဲ့ ပမာဏနဲ့ဆို မင်း အစာမ​ကြေ ဖြစ်​​နေမယ်​. "

"ဟီး.. ​သောက်​မယ်​​လေ.. "

သောက်​မယ်​​ပြောပြီး ထိုင်​ရာမှ မထ​သော ကိုယ်​​တော်​​ချောကို သူပဲ အစာ​ကြေ​ဆေး အ​ရောက်​ဆက်​သရ​လေသည်​..

ထိုမှ ​ခေါင်း​လေး​ထောင်​ပြီး ​သောက်​​တော့သည်​..

"မင်း အရင်​ချိုးမ​လား.."

"ဟင်​.. "

"​ရေ... "

"​အော်​.. စုံ​ထောက်​ကြီး အရင်​ချိုးပါ.. ကျွန်​​တော်​ အခု မထနိုင်​​သေးဘူး... "

ပြော​ပြောဆိုဆို ဗိုက်​ပွတ်​ပြီး သူ့ကို သွားနှစ်​​ချောင်းစိပြ​နေ​လေသည်​..

သူ ဘာမှ မ​ပြော​တော့ပဲ အိပ်​ခန်းထဲဝင်​ကာ အဝတ်​ချွတ်​ ​ရေချိုး​နေလိုက်​သည်​..

တစ်​​နေကုန်​ ပင်​ပန်းထားရသည့်​အပြင်​ နှစ်​ရက်​တိတိ ​ရေမချိုးရ​သေးသည်​မို့ သူ ​ရေချိုးခန်းအတွင်းတွင်​ ဇိပ်​စွဲ ​ရေချိုး​နေရင်း ​တော်​​တော်​ကြာသွား​လေသည်​..

သူ ​ရေချိုးပြီး​တော့ ညအိပ်​ဝတ်​လဲကာ အပြင်​ထွက်​လာ​တော့...

ကောင်​​လေးမှာ သူ့ကို ​စောင့်​ရတာ ကြာသွားလို့ထင်​သည်​.. ဆိုဖာ​ပေါ်တွင်​ ဗိုက်​ပွတ်​ရင်း အိပ်​​ပျော်​​နေ​လေသည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now