Chapter 6 : Who is the Culprit ??

13.5K 2K 20
                                    

သူတို့နှစ်​​ယောက်​ ကားဆီသို့ ​လျှောက်​လာခဲ့ကြသည်​..

ကား​ပေါ်​ရောက်​​တော့ Seat belt ပတ်​လိုက်​ရင်း သူ ကားစက်​နှိုးလိုက်​သည်​..

"ကျွန်​​တော်​တို့ ​နေ့လည်​စာ ထမင်း သွားစားရ​အောင်​.. "

ကောင်​​လေးက ​စကားဆိုလာသည်​..

သူ ​ချာတိတ်​ဘက်​ လှည့်​ကြည့်​လိုက်​ကာ အံ့သြဟန်​ဖြင့်​ ​ပြောလိုက်​သည်​..

"ချာတိတ်​.... မင်း မလွန်​လွန်းဘူးလား.. ခဏကပဲ တို့ဟူး​ပျော့စားထားတယ်​.. ​​ဖျော်​ရည်​လည်း ​သောက်​ထားတယ်​​လေ.. "

"အဲ့​လောက်​နဲ့ ဗိုက်​ဘယ်​ဝ မလဲဗျ.. အခု အချိန်​လည်းကြည့်​ဦး ​နေ့လည်​ ၁၂ ထိုးပြီဗျ.. "

သူ မယုံနိုင်​စွာ ​ခေါင်းကို ခါရမ်းမိ​လေသည်​..

"ဒီနား​လေးမှာပဲ ကျွန်​​တော်​ စား​နေကြဆိုင်​ရှိတယ်​.. အဲ့ကိုပဲ ​မောင်း​ပေး.. "

သူ ​ကောင်​​လေး ​ပြောတဲ့ ​နေရာသို့ ​မောင်း​ပေး​လေသည်​..

"ချာတိတ်​... မင်း ဘယ်​နှ​ပေါင်​လဲ.. "

ကောင်​​လေးမှ သူ့ကို မျက်​​စောင်းထိုး ကြည့်​လာသည်​..
သူ ထိုက​လေးဆန်​​သော မျက်​​စောင်းထိုးကို ခဏ​လောက်​ ​ငေးကြည့်​မိ​လေသည်​..

" ​ပေါင်​ ၁၂၀... ပြီး​တော့ ချာတိတ်​လို့ မ​ခေါ်ပါနဲ့.. ကျွန်​​တော့်​မှာ နာမည်​ရှိတယ်​.. ​ရောင်​​နေဦး.. "

သူ ထိုက​လေးဆန်​​သော မျက်​​စောင်း​လေးနှင့်​ က​လေးဆန်​​သော စကားများကို သ​ဘောကျကာ ရယ်​မိ​လေသည်​..

"ဟား.. ဟား.. "

"ဘာရယ်​တာလဲ.. ဘာမှ ရယ်​စရာလည်းမပါဘဲနဲ့.. "

"မသိဘူး.... ငါက​တော့ မင်းကို ချာတိတ်​ပဲ ​ခေါ်မယ်​.. "

ကောင်​​လေးက သူ့စကားကို လက်​​လေးပိုက်​လိုက်​ကာ ပြန်​​ဖြေသည်​..

"​ခေါ်ချင်​သလို​ခေါ်... "

"​ရောက်​ပြီ.. ဟိုး... ရပ်​ရပ်​.. "

သူ ရုတ်​တရက်​ ဘရိတ်​အုပ်​လိုက်​ရသည်​..

"မင်း မ​ရောက်​ခင်​ ​ပြောထားလို့မရဘူးလားကွာ.... အမြဲ ​အော်​ကြီးဟစ်​ကျယ်​နဲ့ လန့်​တယ်​ကွ.. "

When You Fall In Love With A Law Student [Completed]Where stories live. Discover now