အပိုင်း ( ၁ )

694 22 0
                                    


အင်းကန်လယ်မှ သီးသန့်ဟော်တယ်ခန်းတစ်ခုအတွင်း ရှိနေသည့်ခန့်ထင်သည် စိမ်းစိုစိုတောင်တန်းပေါ်မှ ခပ်ဖြူဖြူစေတီလေးတစ်ဆူကို ငေးကြည့်နေမိသည်။

နေ့ရက်‌ပေါင်းများစွာရေခြားမြေခြားတွင် ကုန်လွန်ခဲ့သည့်တိုင် ပထမဆုံးပြန်လည်အခြေချမိသည့်ဤအကြိမ်တွင် ဤနေရာဖြစ်လိမ့်မည်ဟု မရည်ရွယ်ခဲ့မိချေ။ ‌စိတ်ကူးထဲမှ အတိတ်ပုံရိပ်များသည် အတွေးထဲတိုက်ရိုက်ထိတွေ့ဝင်ရောက်လာခဲ့သည်။

စိမ်းစိုနေသော တောင်တန်းကြီး၊နှင်းငွေ့များကြားမှ ထင်းရှူးရိပ်၊အချမ်းပိုနေသောရှမ်းဆောင်း....ဤသည်မှာခန့်ထင်နှင့်အနည်းငယ် မျှစိမ်းသက်မနေခဲ့သောမြင်ကွင်းများသာ ဖြစ်လေသည်။

အထူးသဖြင့် ရှမ်းလေအေး၏ ချမ်းစိမ့်စိမ့်
အငွေ့အသက်သည် ရင်ဘတ်တစ်နေရာကိုနာကျင်စေသည်။တောင်တန်းကြီးကိုငေးရင်းထို‌တောင်တန်းဆီမှအငွေ့အသက်ကိုခံစားကြည့်မိသည်။မြူငွေ့တို့နှင့်အတူ ဟိုတစ်စသည်တစ်စ အလင်းတန်းတို့ကလည်း ထင်းရှူးပင်များပေါ်သို့ ပြန့်ကျဲနေသေးသည်။

မဆီမဆိုင်အတွေးတို့က အလျဉ်းသင့်စွာ
ဝင်ရောက်လာသည့်အခါ အေးစက်နေသောနှလုံးသွေးတို့သည်လည်း တဖြည်းဖြည်း ပူနွေးလာရသည်။မိမိအဖြစ်မှာရယ်စရာ ကောင်းမှန်းသဘောပေါက်မိသောခန့်ထင်တစ်ယောက်သက်ပြင်းတစ်ခုချမိချေပြီ။

ရုတ်တရက် ခန့်ထင်၏နာမည်ကို ထပ်ခါ
ထပ်ခါခေါ်‌နေသည်ကိုကြားရသည်။
အတွေးတို့သည်လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာချိန်ပုံရိပ်လေးကတော့ပျောက်ကွယ်သွားလေပြီ။

လုပ်ငန်းအချက်အလက်ပါဝင်သော စာချုပ်
တစ်ခုကမ်းပေးလာသည်ကိုအနည်းငယ်မျှစိတ်မဝင်စားမိပါချေ။ဟိုဟိုဒီဒီအကြည့်တို့ဖြင့်သာကန်ရေပြင်ဆီ မျက်နှာမူထားပြန်၏။ထို့အတူခန့်ထင်၏လက်ထောက်ဖြစ်သော
ဝေယံသည်လည်းခဏတာတိတ်ဆိတ်နေပြီးနောက်.....

“ လုပ်ငန်းဆီ ကိုယ်တိုင်လာကြည့်ပေးဖို့ ပြောထားပါတယ် ”

တစ်ဖက်ကလူ၏ လိမ္မာပါးနပ်လှသော ဆွေးနွေးချက်များ အသေးစိတ်ပြောပြလာသည်ကိုအေးအေးလူလူအကြည့်တစ်ချက်ဖြင့်သာ တုံ့ပြန့်ရင်း အသိအမှတ်ပြုလိုက်သည်။မည်သို့ပင်ဆိုစေ .. ယခုတစ်ကြိမ် ဤနေရာသို့ရောက် လာရသည့်ရည်ရွယ်ချက်မှာ အလွန်ပင်ရိုးရှင်းသည်မဟုတ်လား။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Tahanan ng mga kuwento. Tumuklas ngayon