အပိုင်း ( ၁၂ )

267 25 7
                                    


“ လူလေး .. ”

ရင်းနှီးနေသော ခေါ်သံတစ်သံ‌ကြောင့် လွှမ်းချက်ချင်းလှည့်ကြည့်လိုက်သည့်အခါ မျက်မှန်းတန်းမိနေသော ဦးကြီးတစ်ယောက်၏ မျက်နှာကို တွေ့လိုက်ရသည်။

“ ဦးကြီး  ”

ထိုလူကြီးသည် ဟိုးယခင်ကတည်းက ကိုယ်ပိုင် စက်လှေမောင်းလေ့ရှိသူဖြစ်သည်။
ဇနီးတစ်ယောက်ရှိသော်လည်း အသက်ကြီးခါမှ အိမ်ထောင်ရက်သားကျသဖြင့် သားသမီးမထွန်းကားခဲ့။ ယခင်က ခေါင်တိုင်သို့ရောက်တိုင်း ထိုဦးကြီးလှေကိုသာ ငှားစီးနေကျဖြစ်သဖြင့် ထိုဦးကြီးက လွှမ်းကိုမှတ်မိနေခြင်းဖြစ်သည်။

“ အေး.... ဦးကြီးက လူလေးတို့ဟုတ်ပါ့မလားလို့ လူလေးတို့နှစ်ယောက်က အရင်ကလိုပဲ....ဟင် !!  ”

‘ အရင်ကလိုပဲ ခင်ခင်မင်မင် ရှိနေတုန်း’ ဟုပြောမည့်စကားများက ကပြားမျက်လုံးနှင့် Nelson ကိုမြင်ကာမှ ရုတ်တရက် စကားရပ်သွားပုံရသည်။ ဦးကြီး၏ အံ့ဩသွားသော ပုံစံကိုကြည့်ပြီး လွှမ်းလည်းသဘောပေါက်သွားခဲ့သည်။ ထို့နောက် အေးအေးလူလူပင် ပြောလိုက်‌၏။

“ ဒါက အလုပ်ကိစ္စနဲ့‌ရက်ကန်းရုံဆီအလည်သွားမယ့် ဧည့်သည်ပါ ဦးလေး ”

“ အော် ဟုတ်သား ... လူလေးက ရက်ကန်းအထည်တွေကိစ္စနဲ့ အလုပ်များနေတာကိုး ... ဦး‌ကြီးလည်း လူလေးတို့နှစ်ယောက်အမှတ်နဲ့လှမ်းတားလိုက်တာ နို့မို့ဆို အနှောင့်အယှက်မပေးပါဘူးကွာ စိတ်မရှိနဲ့ ”

ခေါင်းပေါ်ဆောင်းထားသော ခမောက်ကိုဖြုတ်၍ ယပ်ခတ်နေသောဦးလေးကြီးက ရိုးရှင်းသော သဘောထားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။သို့သော် ထိုစကားသံအဆုံး လွှမ်း၏မျက်နှာမှာ ကွက်ခနဲ ပျက်သွားသည်။

ထို့နောက် လွှမ်းက ခေါင်းတညိတ်ပြကာ
က်ိစ္စမရှိကြောင်း တုံ့ပြန်လိုက်သည်။ ဦးကြီးကလည်း အချိန်ဆွဲမထားလိုဟန်ဖြင့် ဆက်ပြောလာခဲ့၏။

“ ကဲ... လူလေးက ဧည့်သည်နဲ့ဆိုတော့ ခပ်မြန်မြန်သွား နေ‌ကပူတော့မယ် ဟိုဘက်ကလှေဆိပ်မှာ ဦးကြီးတူရဲ့လှေနဲ့သွားကြလေ”

“ ဟုတ်ကဲ့ပါ ဦးကြီး ”

“ အေးအေး.... ဉီးကြီးလည်း ပြန်အုံးမယ် ”

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now