အပိုင်း ( ၇ )

403 31 3
                                    


မျက်စုံနှစ်စုံ၏အကြည့်တို့ရုတ်တရက် ထိတွေ့
သွားသည့်အခါမီးပွားများပမာတလက်လက်တောက်ပသွားခဲ့သည်။ပျော်ရွှင်စွာဆုံတွေ့ကြသည့်တွေဆုံမှုမျိုးမဟုတ်မှန်း ထွက်ပေါ်လာသည့်စကားလုံးများက သက်သေပြနေ၏။

“ ကြိုဆိုပါတယ်ဆိုတဲ့ ဧည့်ဝတ်ပျူငှာမှုက
မင်္ဂလာရှိတဲ့ဧည့်သည်အတွက်ပဲဖြစ်သင့်တာ...ကံမကောင်းချင်တော့ ဒီအိမ်မှာခင်ဗျားကိုကြိုဆိုမယ့်သူတစ်ယောက်မှမရှိဘူး
ကိုခန့်ထင်မင်းလွင် ”

တည်ငြိမ်စွာထွက်ပေါ်လာသည့်စကားတစ်ခွန်းက အနီးအနားရှိလေထုကိုအေးခဲသွားစေသည်။အိမ်‌တော် တိတ်ဆိတ်သွားမှုသည်
မျက်နာဆိုင်တွင်ရှိနေသောလူနှစ်ဦး၏ အခြေအနေကိုပို၍ပင် တင်းမာသွားစေသည်။

လွှမ်းသည်လက်တစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲထည့်လိုက်ပြီး ဆိုဖာပေါ်ခြေချိတ်ထိုင်နေသူကို စူးစိုက်စွာကြည့်နေသည်။ကိုယ့်အိမ်ကိုယ့်ယာလိုပြုမူနေသည့်ထိုသူသည်အခြေခံဝတ္တရားဆိုသည်အရာကို လုံးဝမျက်ကွယ်ပြုထားပုံရသည်။။ရှက်ကြောက်အားနာရမည့်အနေအထားကိုလည်းမ‌တွေ့ရသလို နောင်တတရားဆိုသည်မှာလည်းနတ္ထိ။

ယခုအချိန်တွင် ထိုနောင်တကိုဆုပ်ကိုင်
ထားသင့်သူမှာ လွှမ်းသာလျှင်ဖြစ်ကြောင်း
ကိုယ့်ကိုယ်ကိုယ်သဘောပေါက်လာချိန်တွင်
ဝောာ့ အချိန်ကားနှောင်းခဲ့လေပြီ။

ထို့နောက် တစ်ဖက်လူအပေါ်ကျရောက်
စူးနစ်နေ‌သောလွှမ်း၏အကြည့်တို့မှာတစ်ဖက်ကိုသာထိခိုက်စေနိုင်လျှင်တစ်ဖက်လူမှာ မည်သည့်အခိုးအငွေ့မှမတွေ့ရဘဲလုံးဝပျောက်ကွယ်သွားလောက်၏။

ထိုအခိုက်တွင် စကားသံတစ်ခုကမဆိုင်းမတွ
ပေါ်ထွက်လာသည်။

ပထမစကားသံကလေထုကို အေးခဲသွားစေသည်ဟုဆိုလျှင် နောက်ထပ်စကားသံတစ်ခွန်းကတော့လွှမ်းအတွက်အသူရာပန်းလိုအ‌တွေးထဲထုံထိုင်းစူးနစ်သွားစေသည်။

“ အမှောင်ကိုခွင်းပြီးရင်တော့ အလင်းတန်းကအမြဲတမ်းရှိနေတာတဲ့... ပိုပြီးကံကောင်းတာတစ်ခုကတော့ ကိုယ်ကကြိုဆိုခံရမယ့်ဧည့်သည်မဟုတ်ဘဲ မင်္ဂလာရှိတဲ့အိမ်ရဲ့ ပိုင်ရှင်လေ... အာ...ကိုယ်က ကံကောင်းသွားတာများလား ”

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now